အနက်ရောင် Mafia Vibe ခပ်မိုက်မိုက်စတိုင် ရဖို့ ဝတ်ဆင်နည်း (၁၂) မျိုး
mystylemyanmar.com
|
2023-05-21

Mafia ဂိုဏ်းထဲက ခေါင်းဆောင် အမျိုးအမီးစတိုင်မျိုးကို သင် ဇာတ်လမ်းတွေထဲမှာ ကြည့်ဖူးမှာပါ။ သူတို့ကို ကြည့်လိုက်တာနဲ့ ဘာမဆို စွန့်စား လုပ်ကိုင်ရဲပြီး ဘယ်သူ့မှ ဂရုမစိုက်တဲ့ ခပ်မိုက်မိုက် စတိုင်တွေနဲ့ တွေ့နိုင်ပါတယ်။ ဒီလို အမျိုးသမီးတွေရဲ့ စတိုင်တွေကလည်း အနက်ရောင် ဖက်ရှင်စတိုင်တွေ ဖြစ်ပြီး ခပ်လန်းလန်း စတိုင်မျိုးကို ရောက်သွားပါတယ်။ ဒီလို ခပ်မိုက်မိုက် Mafia စတိုင်မျိုးကို ညဘက် Night Out ထွက်တဲ့အချိန်၊ ပွဲတက်တဲ့အချိန်တွေ၊ ဓာတ်ပုံရိုက်တဲ့အချိန်တွေမှာ ဝတ်ဆင်နိုင်ပါတယ်။ ဒီတော့ ဒီလို Mafia Style Vibe မျိုး ရအောင် ဘယ်လို ခပ်မိုက်မိုက် ဝတ်နိုင်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ Leather Jacket


သင်က ခပ်မိုက်မိုက် စတိုင်ကို ဝတ်မယ်ဆိုရင်တော့ Leather Jacket တစ်ထည်ကို လိုအပ်ပါတယ်။ Leather Jacket တွေက ဆွဲဆောင်မှုရှိစေတဲ့ အဝတ်အစား စတိုင်မျိုးပါ။

၂။ Oversized T Shirt ဝတ်တဲ့အခါ


တစ်ကိုယ်လုံးအနက်ကိုမှ Black Oversized T Shirt ကို ရွေးနိုင်ပါတယ်။ ဒီလို ဝတ်တဲ့အခါ Accessories ကို မဖြစ်မနေ လိုအပ်ပါတယ်။ လည်ပင်းမှာ ဝတ်တဲ့ ထင်ထင်ရှားရှား ဆွဲကြိုးတစ်ကြိုးကို ပိုင်ဆိုင်ထားသင့်ပါတယ်။

၃။ Leather Fashion


Leather အသားတွေက သာမန် အဝတ်အစားထက် ဈေးကြီးသလို ဝတ်လိုက်မယ်ဆိုရင်လည်း ပျိုမေတိုင်းကို ခပ်မိုက်မိုက် စတိုင် ရစေမယ့် ဖက်ရှင် ဖြစ်ပါတယ်။

၄။ ရှပ်အင်္ကျီ


ရှပ်အင်္ကျီအနက်ကို ကြယ်သီး ဖြုတ်ဝတ်မယ်ဆိုရင်တော့ Mafia Vibe အပြည့်ပါပဲ။ ခါးပတ်ပတ်လိုက်မယ်ဆိုရင်တော့ လုံးဝ Perfect ပါပဲ။

၅။ Lace အသားနဲ့


ဇာအနက် စတိုင်တွေကတော့ ပျိုမေတို့ကို ဆွဲဆောင်မှုအား နှစ်ဆ တက်စေနိုင်ပါတယ်။ ခပ်မိုက်မိုက် ဖြစ်သွားအောင် ဒေါက်ဖိနပ်အစား Sneaker ကို စီးနိုင်ပါတယ်။

၆။ ယောက်ျားလေးဆန်ဆန်


ယောက်ျားလေးဆန်ဆန် Mafia Vibe မျိုး လိုချင်ရင်တော့ ဒီစတိုင်က ကွက်တိပါပဲ။

၇။ အင်္ကျီလက်ပြတ်


သင့်ဆီမှာ တက်တူး ရှိတယ်ဆိုရင် ဒီစတိုင်ကို Try ကြည့်နိုင်ပါတယ်။ ဒီစတိုင်ကို ကြိုက်ပေမယ့် တက်တူး မရှိရင် စတစ်ကာ ကပ်ပြီး ခပ်မိုက်မိုက် ဖန်တီးနိုင်ပါတယ်။

၈။ လူငယ်ဆန်ဆန် Mafia


လူငယ်ကောင်မလေးတွေ နှစ်သက်မယ့် Mafia Vibe ရစေမယ့် စတိုင် ဖြစ်ပါတယ်။

၉။ ကာတွန်း Animation ထဲက ထွက်လာသလိုမျိုး


Animation ကားတွေထဲက ခပ်မိုက်မိုက် အမျိုးသမီးတွေလို လန်းချင်တယ်ဆိုရင်တော့ ပုံထဲက မော်ဒယ်ရဲ့ စတိုင်ကို စဉ်းစားကြည့်သင့်ပါတယ်။

၁၀။ စကပ်အကားနဲ့


စကပ်အကားဝတ်လို့ Mafia Vibe မျိုး မရမှာ စိတ်မပူပါနဲ့။ All Black ဖြစ်ဖို့ပဲ လိုတာပါ။

၁၁။ ဦးထုပ်အနက်နဲ့


ဖက်ရှင်စတိုင် အနက်နဲ့ အတူ လျို့ဝှက်ချက်တွေများတဲ့ ပုံစံပေါက်ဖို့ ဦးထုပ်အနက်ကိုပါ ဆောင်းနိုင်ပါတယ်။

၁၂။ Night Out ထွက်တဲ့အခါ


ညဘက် သူငယ်ချင်းတွေနဲ့ Night Out ထွက်တဲ့အခါ ခပ်မိုက်မိုက် ဝတ်နိုင်မယ့် စတိုင် ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar


#ဖက်ရှင်
#အမျိုးသမီး
#Leather
#TShirt
#NightOut

Some text some message..