
မင်္ဂလာပါ… ပျိုမဒီတို့ရေ… Long Lasting ဖြစ်တဲ့ Matt နှုတ်ခမ်းနီတွေက အစာစားလည်းမပျက်တဲ့အပြင် နှုတ်ခမ်းပေါ်မှာ နာရီပေါင်းများစွာကြာရှည်ခံတာမလို့ မိန်းကလေးတော်တော်များများက ကြိုက်ကြပါတယ်။ ဒါပေမယ့် ကြာရှည်ခံတဲ့ နှုတ်ခမ်းနီဆိုးတာက ပြန်ဖျတ်တဲ့အခါ ဖျက်ဖို့ခက်ပါတယ်။
ဒါပေမယ့် စိတ်မပူပါနဲ့၊ ဒီလိုဖျက်ရခက်တဲ့ နှုတ်ခမ်းနီကို လွယ်လွယ်နဲ့ဖျက်နိုင်တဲ့ နည်းလေးတွေရှိပါတယ်။ နာရီအကြာကြီး ပွတ်တိုက်စရာမလိုဘဲ လွယ်လွယ်နဲ့ဖျက်လို့ရမှာပါ။
Vaseline

Vaseline က ခြောက်သွေ့သော နနှုတ်ခမ်းကို အစိုဓာတ်ကို ဖြည့်ပေးရုံသာမက နှုတ်ခမ်းနီကိုဖျက်တဲ့နေရာမှာလည်း သုံးလို့ရပါသေးတယ်။ ပဲစေ့အရွယ်ပမာဏကို ယူပြီး နှုတ်ခမ်းပေါ် လိမ်းလိုက်ပါ။ ၅ မိနစ်လောက်ထားပြီးရင် ရေစွတ်ထားတဲ့ဂွမ်းစနဲ့ သုတ်ပေးပါ။ နှုတ်ခမ်းသားက ပျော့ပျောင်းပြီး နှုတ်ခမ်းနီလည်း ဖျက်ရလွယ်ပါတယ်။
Lip Balm

ခရီးသွားနေတဲ့အချိန်မျိုးတွေမှာ နှုတ်ခမ်းနီဖျက်ချင်ရင် Lip Balm ကို ဖျက်ဆေးအနေနဲ့ သုံးလို့ရပါတယ်။ Lip balm နှုတ်ခမ်းနီကို ပျော့ပျောင်းစေပြီး လွယ်လွယ်ဖျက်လို့ရပါပြီ။
Organic Oil

မျက်နှာကမိတ်ကပ်တွေကို ဖျက်တဲ့နေရာမှာသုံးတဲ့ သံလွင်ဆီနဲ့ အုန်းဆီတို့က နှုတ်ခမ်းကိုလည်းဖျက်လို့ရပါသေးတယ်။ ဂွမ်းစလေးနဲ့ နှုတ်ခမ်းကိုလိမ်းပြီး သုတ်ပေးပါ။
Micellar Cleansing Water

Micellar Cleansing Water က မိတ်ကပ်တွေကို ဖယ်ရှားပေးသလို ဖျက်ရခက်တဲ့နှုတ်ခမ်းနီတွေကိုလည်း ဖယ်ရှားနိုင်ပါတယ်။
Lip Scrub

အော်ဂဲနစ်သကြားအညိုနဲ့ ပျားရည်ကို ပုလင်းတစ်လုံးထဲရောလိုက်ရင် အိမ်လုပ် Lip Scrub ရပါပြီ။ နှုတ်ခမ်းပေါ် ပွတ်ပြီး စက္ကန့်အနည်းငယ်လောက် ညင်သာစွာ ပွတ်ပေးပါ။ ခနနေရင် ရေစိုအဝတ်နဲ့ပွတ်လိုက်ပါ။