အကောင်းဆုံး ထိန်းသိမ်းထားတဲ့ တရုတ် အလှအပ လျှို့ဝှက်ချက် ( ၅ ) ခု
mystylemyanmar.com
|
2023-05-28

မင်္ဂလာပါ… ပျိုမဒီတို့ရေ…..တရုတ်အမျိုးသမီးတွေဟာ အပြစ်ကင်းစင်ပြီး နုပျိုသော အသားအရေကြောင့် လူသိများပါတယ်။ အပြစ်ကင်းစင်တဲ့ အသားအရည်၊ ဖြောင့်စင်းတဲ့ အနက်ရောင်ဆံပင်နဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ အသွင်အပြင်တွေနဲ့ . တရုတ်နိုင်ငံက မိန်းကလေးတွေက တကယ်ကိုလှလွန်းတဲ့လူတွေပါ။

ဒါပေမယ့် အရာအားလုံးဟာ မျိုးရိုးဗီဇကြောင့်တော့ မဟုတ်ပါဘူး။ အသားအရေထိန်းသိမ်းမှုဆိုင်ရာ ထုံးတမ်းစဉ်လာများစွာ ၊ ကုထုံးတွေနဲ့ တရုတ်အမျိုးသမီးတစ်ယောက်ရဲ့ နေထိုင်မှုပုံစံတို့ ပေါင်းစပ်ထားတာကြောင့်ပါ။ ဒါကြောင့် သင့်အသားအရေကို တောက်ပြောင်စေဖို့အတွက် တရုတ်မလေးတွေကျင့်သုံးတဲ့ ​​ သဘာဝနည်းလမ်းတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

Skin Rejuvenation


အသားအရေပြန်လည်နုပျိုဖို့အတွက် တရုတ်အမျိုးသမီးတွေက ပုလဲမှုန့်ကို အသုံးပြုကြပါတယ်။ ကမာမှုန့်ကို ပျားရည်၊ ကြက်ဥအနှစ်တို့နဲ့ ရောမွှေပြီး Face Mask အနေနဲ့သုံးကြပါတယ်။ ဒီ Face Mask က ရောင်ရမ်းမှုကို သက်သာစေရုံသာမက အရေပြားယားယံမှုကိုလည်း သက်သာစေပါတယ်။

Youthful Skin


တရုတ်လူမျိုးတွေဟာ ရေနွေးကြမ်းကို သောက်လေ့ရှိပါတယ်။ ရေနွေးကြမ်းမှာ အိုမင်းရင့်ရော်မှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိများ ပါဝင်ပြီး ခုခံအားစနစ်ကို အားကောင်းစေတာကြောင့် အသက်ရှည်ကျန်းမာစေပါတယ်။ လက်ဖက်စိမ်းကို နူးအောင်တည်ဖို့တော့ အရေးကြီးပါတယ်။

Bright Complexion


တရုတ်အမျိုးသမီးတွေဟာ သူတို့ရဲ့ အပြစ်အနာအဆာကင်းပြီး တောက်ပတဲ့ အသားအရေကြောင့် နာမည်ကြီးပါတယ်။ ငယ်ရွယ်နုပျိုတောက်ပမှုကိုရထားတဲ့ သူတို့ရဲ့လျှို့ဝှက်ချက်က ပူစီနံပါ။ ပူစီနံကို မျက်နှာအတွက်သုံးပေးရင် မျက်နှာကို ချက်ချင်း ကြည်လင်တောက်ပစေပါတယ်။

Natural Toners


တရုတ်အမျိုးသမီးတွေ အသားအရေကို ကြည်လင်စေဖို့နဲ့ အသားအရေကို တောက်ပစေဖို့အတွက် ဆန်ဆေးရေကို Toners အနေနဲ့ အသုံးပြုကြပါတယ်။ ဒါက အံ့သြစရာကောင်းပြီး တော်တော်လေးလည်း စျေးသက်သာပါတယ်။

Wrinkle Reduction


တရုတ်အလှမယ်တွေဟာ နူးညံ့တဲ့အသားအရေကို ပိုင်ဆိုင်နိုင်ဖို့နဲ့ မျက်နှာအသားအရေကို တောက်ပြောင်စေဖို့ ကြက်ဥအကာကို Face Mask အနေနဲ့သုံးကြပါတယ်။ ကြက်ဥအကာက အသားအရေကို တင်းတင်းရင်းရင်းဖြစ်စေပါတယ်။


#အသားအရေ
#အမျိုးသမီး
#မျက်နှာ
#ကြက်ဥ
#လျှို့ဝှက်ချက်

Some text some message..