လက်လှလှလေးကိုပိုင်ဆိုင်ချင်တဲ့သူတိုင်း ပုံမှန်လုပ်ပေးရမယ့်အရာများ
mystylemyanmar.com
|
2023-06-04

လက်လှလှလေးတွေ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဂရုစိုက်ပြီး လုပ်ဆောင်ပေးဖို့လိုပါတယ်။ ဒါကြောင့် လက်လှလှလေးကို ပိုင်ဆိုင်ချင်တဲ့သူတိုင်း ပုံမှန်လုပ်ပေးရမယ့် အရာတွေကို ပြောပြပေးလိုက်ပါတယ်။

Moisturizer or Lotion လိမ်းပါ


လက်နဲ့ ခြေထောက်တွေကို Lotion လိမ်းတဲ့အခါမှာ လက်ဖမိုးလေးတွေကိုလည်း ချန်မထားပဲ လိမ်းပေးပါ။ ဒါမှ အသားအရေစိုပြည်ပြီး ဖြူနေမှာပါ။

Hand Cream လိမ်းပါ


လက်ဖဝါးကြမ်းတမ်းပြီး အရေးအကြောင်းတွေဖြစ်တာ၊ အသားအရေတွန့်တာမျိုးတွေ မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ Hand Cream လည်းသုံးပေးပါ။

Scrub လုပ်ပါ


တစ်ပတ်တစ်ခါ (သို့) တစ်ပတ်နှစ်ခါ Body Scrub လုပ်ပါ။ အဲ့လိုလုပ်တဲ့အခါမှာလည်း လက်ဖမိုးလေးတွေ၊ လက်ချောင်းလေးတွေကို ချန်ထားတာမျိုး မလုပ်ပဲ သေချာတိုက်ပေးပါ။ ပြီးရင် အပေါ်မှာပြောသလို Moisturizer or Lotion ပြန်လိမ်းပေးပါ။

Sunscreen လိမ်းပါ


နေပူထဲသွားတဲ့အခါ Sunscreen လိမ်းပါ။ လက်ရှည်ဝတ်ရင်တောင်မှ လက်ဖမိုးလေးတွေကတော့ အမြဲပေါ်နေတာဖြစ်တဲ့အတွက် လက်ဖမိုးကိုလည်း သေချာလိမ်းပေးပါ။ ဒါမှနေလောင်တာမျိုး၊ အသားမဲတာမျိုး မဖြစ်မှာပါ။

လက်သည်းကိုအမြဲသန့်စင်ပေးပါ


လက်ကဖြူနေတယ်၊ အသားအရေလေး စိုပြည်နေတယ်ဆိုပေမယ့် လက်သည်းတွေက ညစ်ပတ်နေရင်လည်း အဆင်မပြေပါဘူး။ ဒါကြောင့် ကိုယ့်လက်သည်းတွေကို အမြဲတမ်းသန့်စင်ပေးပါ။ Cleansing လုပ်ပေးပါ။ လက်သည်းနီဆိုးရတာ ဝါသနာပါရင် လက်သည်းနီဆိုးပါ။

လက်သည်းအားဖြည့်ဆီလိမ်းပါ


လက်သည်းအားဖြည့်ဆီကို လိမ်းပေးခြင်းက လက်သည်းကျန်းမာစေပြီး လက်စွပ်ငုတ်တာ၊ လက်သည်းမှိုစွဲတာတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ပေးတာကြောင့် လက်သည်းလေးတွေကလည်း ကျန်းမာပြီးလှပနေမှာပါ။


#အသားအရေ
#Lotion
#လက်ဖမိုး
#Cream
#လက်သည်း

Some text some message..