အလုပ်ကြောင့် အရောင်တောက်တောက်တွေဆိုးမရတဲ့လူတွေနဲ့ သင့်တော်မယ့် ဆံပင်အရောင် ( ၇ )မျိုး
mystylemyanmar.com
|
2023-06-04

မင်္ဂလာပါ… ပျိုမဒီတို့ရေ… ဆံပင်လည်းဆေးဆိုးချင်တယ် … ဒါပေမယ့် အလုပ်က ကျောင်းကသတ်မှတ်ထားတဲ့စည်းကမ်းတွေကြောင့် အရောင်တောက်တောက်တွေဆိုးမရဘူးဆိုရင် စိတ်မပူပါနဲ့။ ဒီစည်းမျဥ်းတွေက သင့်ကို အဟန့်အတားမဖြစ်စေပါဘူး။

ဆိုးထားတာကိုမသိသာစေဘဲ သဘာဝဆန်တဲ့ ဆံပင်အရောင်တွေ အများကြီးရှိပါတယ်။

Bronde


အညိုရောင်နဲ့ ရွှေရောင်ရောထားတဲ့ Bronde က အသားအရောင်အားလုံးနဲ့ လိုက်ဖက်ပါတယ်။

Chestnut Brown


သစ်အယ်သီးအညိုရောင်က သဘာဝအတိုင်း ပေါ်လွင်တဲ့အရောင်မလို့ နေရောင်အောက်မှာ ပိုလို့တောင် လှနေမှာပါ။

Caramel Brown Highlights


အနက်ရောင်အခြေခံထားတဲ့Caramel Brown Highlights များကိုလည်း ရွေးချယ်လို့ရပါတယ်။

Blue Violet


သဘာဝအတိုင်း ရောစပ်ထားတဲ့ အပြာရောင် ခရမ်းရောင်ကို စမ်းကြည့်ပါ။ ဒါက Cool-Tonedအသားအရေပိုင်ရှင်တွေအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်မှာ အသေချာပါ။

Peek-a-boo color


တကယ်လို့ Crazy Colour မှဆိုးချင်နေတယ်ဆိုရင်တော့ ချထားရင်မသိသာဘဲ စည်းမှမြင်ရတဲ့ ဆံပင်ရဲ့အောက်ပိုင်းကို ဆေးဆိုးဖို့ စဉ်းစားပါ။

Auburn


အညိုရောင်လို့ထင်ရပေမယ့် နီညိုရင့်ရင့်အရောင်ကလည်း ဆိုးထားပြီးရင်မသိသာစေဘဲ လူတွေကို နှစ်ခါပြန်ကြည့်စေမှာတော့ သေချာပါတယ်။

Chocolate Brown


ချောကလက်အညိုရောင်ဆံပင်ကာလာက ဖိလစ်ပိုင်လူမျိုးများကြားမှာ ရေပန်းစားတဲ့အရောင်ပါ။ သဘာဝဆန်တဲ့အရောင်က သင့်ကိုပိုပြီးနုပျိုစေမှာပါ။


#အသားအရေ
#သဘာဝ
#အညိုရောင်
#ဆံပင်
#ပျိုမဒီ

Some text some message..