ဆံပင် Highlight ဖောက်ပြီး ပုံစံပြောင်းချင်တဲ့ ပျိုမေတို့အတွက် Highlight ပုံစံများ
mystylemyanmar.com
|
2023-06-06

ဆံပင် Highlight ဖောက်တာက သင့်မျက်နှာကို ပိုပေါ်သွားစေကာ ပိုထူးခြားသွားစေနိုင်ပါတယ်။ သင်က Highlight ဖောက်တာကို သဘောကျတယ်ဆိုရင် ဘယ်လိုပုံစံလေးကို ကြိုက်လဲ သိထားဖို့ ပုံစံနမူနာတွေကို သိထားသင့်ပါတယ်​။ ဒီတစ်ခေါက်မှာတော့ ဆံပင် Highlight ဖောက်တာကိုမှ ပုံစံအမျိုးမျိုး စမ်းသစ်နိုင်ဖို့ အိုင်ဒီယာတွေကို ကြည့်လိုက်ရအောင်နော်-

၁။ နားဘေးကြား ဖောက်


ဒါကတော့ ပျိုမေအများစု အဖောက်များတဲ့ ပုံစံပါ​။ နားဘေးကြား နှစ်ဘက်အရောင်လေး ဖျာသွားတဲ့ ပုံစံက သင့်ကို မျက်နှာပိုသွယ်သွားစေနိုင်ပါတယ်။

၂။ ထိပ်ပေါ်က Highlight


ရှေ့ Bang မဟုတ်ဘဲ ဦးရေပြားထိပ်နဲ့ Bang ကြားက အလယ်လေးမှာ Highlight ဖောက်တဲ့ စတိုင်က သင့်ကို ငယ်ရွယ်ကာ ထူးခြားစေပါလိမ့်မယ်။

၃။ ဘေးဘက်နဲ့ ဆံမြိတ်ကြားထဲ


ဆံပင်ကို ဘေးဘက်ကနေ Highlight ဖောက်တဲ့အပြင် ဆံမြိတ်ကြားတွေထဲမှာ ဖောက်တာက သင့်ပုံစံကို ပိုမိုက်သွားစေနိုင်ပါတယ်။

၄။ Wolf Cut ကိုမှ Highlight ဖျာထွက်သွားတာ


သင်က ယောကျာ်းလေးဆန်ဆန် ဆံပင်စတိုင်နဲ့ Highlight ဖောက်ချင်ရင် ဒီပုံစံလေးက အဆင်ပြေပါလိမ့်မယ်။

၅။ မိန်းကလေးဆန်တဲ့ Highlight


အချောင်းရေ သိပ်မများဘဲ ဆံပင်ရှည်ကို Highlight ဖောက်တာက ဆွဲဆောင်မှုရှိပြီး မိန်းကလေးဆန်ပါတယ်။

၆။ ဘေးဘက်ပြန့်ကျယ်


မျက်နှာဘေးဘက်ကိုမှ Highlight ထင်ရှားသွားအောင် ပြန့်ကျယ်ကျယ် Highlight ဖောက်တာကိုလည်း ပျိုမေတွေ အလုပ်များပါတယ်။

၇။ အရောင်စပ်လေး


Highlight ပုံစံကို ထူးခြားစွာ Highlight နဲ့ မတူရစေဘဲ အရောင်စပ်လေး ဆိုးတာက စမ်းသစ်ပါတယ်။

၈။ ပြန့်ကျယ်ကိုမှ အပေါ်တက်သွားတာ


သင်က ဆံပင် Highlight အများကြီး ဖောက်ရတာ နှစ်သက်တယ်ဆိုရင် ဒီ Highlight ပုံစံကို Try ကြည့်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar


#မျက်နှာ
#မိန်းကလေး
#ဆံပင်ရှည်
#WolfCut
#Highlight

Some text some message..