မှားယွင်းနေတဲ့ မျက်နှာသစ်နည်းများ
mmload.com
|
2023-06-18




လူတိုင်းနီးပါးကနေ့စဥ်မျက်နှာသစ်ခြင်းကို ရှောင်လွှဲလို့ မရကြပါဘူး။ တချို့တွေကလဲ မျက်နှာကို ဂရုတစိုက်ထားရဲ့သားနဲ့ ဘာလိုဝက်ခြံတွေ၊ အဆီဖုတွေပေါက်နေတာလဲမသိဘူးပေါ့။ ဒီလိုတွေဖြစ်နေပြီဆိုရင်သင့်ရဲ့မျက်နှာသစ်တဲ့ နည်းလမ်းတွေက မှားယွင်းလို့ပါ။ ကိုယ်က ဘယ်လိုအချက်တွေနဲ့ ကိုက်ညီပြီးရှောင်ဖို့ လိုနေလဲဆိုတာကို အောက်ကအချက်လေးတွေနဲ့ တိုက်ကြည့်လိုက်ရအောင်!!!

▪️မှားယွင်းတဲ့မျက်နှာသစ်ဆေးကို ရွေးချယ်မိခြင်း။


မျက်နှာသစ်ဆေးကအရမ်းပြင်းနေလို့မရသလို၊ အရမ်းလဲပျော့နေလိုမဖြစ်ပါဘူး။ ဒါကြောင့် ပုံမှန်အနေအထား မျက်နှာသစ်ဆေးမျိူးကိုရှာဝယ်ပါ။ အရမ်းပြင်းတဲ့ မျက်နှာသစ်ဆေးက မျက်နှာကိုနီရဲရဲ ဖြစ်စေပါတယ်။ မျက်နှာသစ်ပြီးရင်လည်းတင်းနေတာမျိူးတွေဖြစ်တတ်ပါတယ်။ မျက်နှာကို ရေနဲ့၂ခါလောက် သစ်လိုက်ရင် ပြောင်သွားတဲ့မျက်နှာသစ်ဆေးမျိုးကတော့ အသင့်တော်ဆုံးပါ။

▪️ကိုယ်တိုက်ဆပ်ပြာနဲ့မျက်နှာသစ်ခြင်း။


ကိုယ်တိုက်ဆပ်ပြာတွေက အသားအရေကိုခြောက်သွေ့စေတဲ့ Alkaline PH ပါဝင်ပါတယ်။ သင်က အသားခြောက် တတ်သူဆိုရင်မျက်နှာမှာအရေပြား ပြဿနာတွေဖြစ်စေတာကြောင့် သင့်အသားအရေ နဲ့သင့်တော်တဲ့မျက်နှာသစ်ကိုသာရွေးချယ်ပါ။

▪️မျက်နှာကိုအရမ်းပွတ်တိုက်ခြင်း။


သင်က ဆားဝက်ခြံတွေ၊ချွေးပေါက်တွေ ပျောက်ချင်ဇောနဲ့ မျက်နှာကို တအားကုတ်ခြစ်တာတွေ၊ အရမ်းပွတ်တာတွေ မလုပ်သင့်ပါဘူး။မျက်နှာကိုပွတ်တိုက်တာများတဲ့အခါ အရေးကြောင်းတွေနဲ့ အသားခြောက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

▪️မျက်နှာသုတ်ဖို့အဝတ်ကို သီးသန့်မထားခြင်း။


ခန္ဓာကိုယ်ကိုသုတ်တဲ့တဘက်နဲ့ မျက်နှာကို မသုတ်သင့်ပါဘူး။ ခန္ဓာကိုယ်က ဘက်တီးရီးယားတွေက ကိုယ့်မျက်နှာအသားအရေကိုပျက်စီးစေပါတယ်။သင်က မျက်နှာအသားအရေကို ဂရုစိုက်တယ်ဆိုရင်တော့ မျက်နှာသုတ်ပုဝါ သက်သက်ထားပါလိုအကြံပေးချင်ပါတယ်။

▪️အရမ်းပူတဲ့ရေနဲ့မျက်နှာသစ်ခြင်း။


ရေနွေးနဲ့မျက်နှာသစ်ခြင်းကအသားအရေအတွက် ကောင်းတာကြောင့် မျက်နှာသစ်တဲ့အခါ အရမ်းပူတဲ့ရေကိုတော့ မသုံးသင့်ပါဘူး။သင့်တော်လောက်တဲ့ ရေနွေးလောက်နဲ့ဆို အဆင်ပြေပါတယ်။

ကိုယ့်ရဲ့ မျက်နှာသစ်နည်းလေးတွေကမှားယွင်းနေတယ်ဆိုရင်တော့ အပေါ်က အချက်လေးတွေအတိုင်း ပြောင်းလဲပြီး နည်းလမ်းအမှန်လေးတွေကိုလိုက်လုပ်ကြည့်ဖို တိုက်တွန်းလိုက်ပါတယ်....

Source :health tips

Photocredit : google


#အသားအရေ
#ခန္ဓာကိုယ်
#ဆပ်ပြာ
#အဆီဖု
#ဝက်ခြံ

Some text some message..