ဆံပင်ဆိုးချင်တဲ့ ပျိုမေတို့အတွက် ကိုယ့်အသားအရေ Tone နဲ့ လိုက်ဖက်မယ့် ဆံပင်အရောင်များ
mystylemyanmar.com
|
2023-06-20

ယေဘုယျအားဖြင့် Skin Tone မှာ Warm Skin Tone, Cool Skin Tone, Neutral Skin Tone ဆိုပြီးရှိပါတယ်။ ကိုယ့် လက်ဖျံကြောက သွေးကြောရောင်ကို ကြည့်ပြီး Skin Tone ကို ခွဲခြားနိုင်သလို ကိုယ်က ရွှေနဲ့ လိုက်လား၊ ငွေနဲ့ လိုက်လား ကြည့်ပြီးလည်း Skin Tone ကို ရွေးချယ်နိုင်ပါတယ်။ ဒီနည်းလမ်းတွေက Skin Tone ကို သိနိုင်မယ့် အကြမ်းမျဉ်းနည်းလမ်းတွေပါ။ အောက်ဖော်ပြပါ ပုံကတော့ သင့် အသားအရေ Tone ကို ခွဲခြားနိုင်မယ့် အကြမ်းမျဉ်းပုံ ဖြစ်ပါတယ်။

သင်က ပုံထဲက အတိုင်း ခွဲခြားပြီးပြီဆိုရင်တော့ သင့် Skin Tone ကို သိလောက်ပါပြီ။ Skin Tone အလိုက် ကိုယ့်အသားအရောင်ကို ပိုလင်းပြီး ပိုလှသွားစေမယ့် ဆံပင်အရောင်တွေကို ကြည့်လိုက်ရအောင်နော်။

Warm Skin Tone






သင်က Warm Skin Tone ကို ပိုင်ဆိုင်တယ်ဆိုရင်တော့ Golden, Honey, Dirty, Toffee, Chestnut, Butterscotch, Copper, Auburn, Strawberry Blonde စတဲ့ အရောင်တွေက သင့်အသားအရေအရောင်ကို ပိုတက်သွားစေပါလိမ့်မယ်။

Cool Skin Tone






အအေးဘက်သွားတဲ့ Cool Skin Tone ပိုင်ရှင်တွေနဲ့ လိုက်ဖက်တဲ့ ဆံပင်အရောင်တွေကတော့- Platinum, Champagne, Icy White, Ashy Tones, Sand, Mushroom, Expresso, Jet Black, Charcoal, Deep Violet စတဲ့ အရောင်တွေ ဖြစ်ပါတယ်။

Neutral Skin Tone



သင်က Neutral Skin Tone ဆိုရင်တော့ ကံကောင်းတဲ့အထဲ ပါဝင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆံပင်အရောင်တိုင်းလိုလိုနဲ့ လိုက်ဖက်လို့ပါ။ နှစ်ရောင်စပ် Balayage, Ombre, Highlight, Trend ဖြစ်တာအကုန်လုံးနဲ့ လိုက်ဖက်ပါတယ်။ အပေါ်က Cool Skin, Warm Skin က အရောင်တွေကိုလည်း ဆိုးကြည့်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar


#ပျိုမေ
#ဆံပင်အရောင်
#SkinTone
#အသားအရေ
#ဆံပင်

Some text some message..