ဆံပင်ကောက်ထားတဲ့သူတွေအတွက် လှပတဲ့ဆံပင်ပြင်ဆင်ပုံများ
mystylemyanmar.com
|
2023-06-27

ဆံပင်ကောက်ထားတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ဆံပင်ပြင်ဆင်ပုံ လှလှလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဆံပင်ကောက်ထားပြီး အမြဲဆံပင်ချထားတာမျိုး၊ အကုန်စုစည်းထားတာမျိုး မလုပ်ပဲနဲ့ ဒီလိုပုံစံလေးတွေ ပြင်ဆင်ကြည့်နော်။

ဒီဆံပင်ပုံစံလေးဆိုရင် လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။ ဆံပင်ကောက်ထားရင် ပိုတောင်လိုက်ပါသေးတယ်။


ဆံပင်ကောက်ထားရင် ဒီလိုရိုးရိုးလေးစည်းလည်း လှပါတယ်။ ခေါင်းစည်းကြိုးမပေါ်အောင်စည်းရင် ပိုလှမှာပါ။


ဆံပင်ကို ဒီလိုလေးပြင်တာဆိုရင်လည်း ကောက်ထားမှ လှတာပါ။ ပွဲလည်းတိုးတဲ့ ဆံပင်ပြင်ဆင်ပုံလေးပါ။


ဆံပင်ကို ဒီလိုတစ်ဝက် အမြင့်လေးစည်းထားက Fresh ဖြစ်ပြီး အထာကျကျလေးနဲ့ မိုက်ပါတယ်။ ဆံပင်ကောက်ထားရင် ပိုလှတာကြောင့် Try ကြည့်နော်။


တစ်ခါတစ်လေ ဘာမှမပြင်ဆင်ချင်တဲ့အခါမှာဆိုလည်း ဆံပင်ကောက်ထားတဲ့သူတွေက ဘီးကုတ်လှလှလေး တပ်လိုက်ရုံပဲ။ ရိုးရိုးလေးနဲ့လှပါတယ်။


ဆံပင်ကို ဒီလိုတစ်ဝက်စည်းတာမျိုးလေးလည်း ရိုးရိုးလေးနဲ့ လှပါတယ်။ သပ်သပ်ရပ်ရပ်လေး တစ်ဝက်စည်းပြီး ဖဲပြားကလစ်လေး တပ်လိုက်ပါ။ ကောက်သားလည်း ပိုပေါ်လွင်စေပါတယ်။


ဒီဆံပင်ပြင်ဆင်ပုံလေးဆိုရင် လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်ပြီး ပွဲလည်းတိုးပါတယ်။


ဆံပင်ကောက်ထားတဲ့ ကောင်မလေးတွေအတွက် လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းသလို လှလည်းလှတဲ့ ဆံပင်ပုံစံလေးပါ။


ဆံပင်ကို ဒီလိုလေးကောက်ထားရင် လူငယ်ဆန်ဆန် သားရေကွင်းသေးသေးလေးတွေနဲ့ ဒီလိုစည်းပြီး ပြင်လို့ရတယ်နော်။ ချစ်ဖို့ကောင်းတဲ့ ဆံပင်ပြင်ဆင်ပုံလေးပါပဲ။


ဘာမှမလုပ်ချင်ရင် ဆံပင်အကောက်လေးကို သေချာပုံသွင်းပြီး ကလစ်လှလှလေးတွေကို တစ်ဖက်ထဲတပ်ပါ။ မိန်းကလေးဆန်ပြီး လှပါတယ်။


နောက်တစ်မျိုးအနေနဲ့ ဘာမှမလုပ်ချင်ရင် ဆံပင်အကောက်ကို သေချာပုံသွင်းပြီး ဘီးကုတ်လေးတပ်လိုက်နော်။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။


Photo source:www.pinterest.com


#ကလစ်
#ဘီးကုတ်
#ဆံပင်ကောက်
#ကောင်မလေး
#ခေါင်းစည်းကြိုး

Some text some message..