မိတ်ကပ်သားကြာရှည်ခံစေဖို့ ဈေးသင့်တင့်ပြီးကောင်းတဲ့ Makeup Primer များ
mystylemyanmar.com
|
2023-08-05

မိတ်ကပ်လိမ်းတဲ့အခါမှာ မိတ်ကပ်သားညက်ညက်လေး ဖြစ်ချင်တယ်၊ မိတ်ကပ်သား ကြာရှည်ခံချင်တယ်ဆိုရင် Primer သုံးပါ။ ပြီးမှ အောက်ခံမိတ်ကပ် လိမ်းပေးပါ။ ဈေးအရမ်းများတာမျိုး မသုံးချင်တဲ့သူတွေအတွက် မိတ်ကပ်သားကြာရှည်ခံပြီး ဈေးလည်းသင့်တင့်တဲ့ Quality လည်းကောင်းတဲ့ Primer တွေကို မျှဝေပေးလိုက်ပါတယ်။

No7 Airbrush Away Primer


အသားအရေကို Flawless ဖြစ်စေပြီး ချောမွေ့သွားစေပါတယ်။ ဒီတော့ မိတ်ကပ်လိမ်းရတာလည်း ပိုကောင်းသွားပါတယ်။ မိတ်ကပ်သားလည်း ကြာရှည်ခံစေပါတယ်။ All Skin Type သုံးလို့ရတဲ့အပြင် Sensitive Skin ကအစ သုံးလို့ရပါတယ်။

Maybelline New York Baby Skin Instant Pore Eraser


အသားအရေကို ချောမွေ့သွားစေပြီး ချွေးပေါက်ကျယ်နေတာတွေကိုလည်း ဖုံးပေးပါတယ်။ အထူးသဖြင့် Oily Skin, Acne-prone Skin တွေနဲ့ ပိုအဆင်ပြေပါတယ်။

e.l.f. Cosmetics Acne Fighting Putty Primer


Sensitive Skin, Acne-prone Skin တွေနဲ့ အထူးသင့်တော်ပါတယ်။ အသားအရေ ချောမွေ့ပြီး Bright ဖြစ်သွားစေပါတယ်။ ဒါ့အပြင် ချွေးပေါက်တွေကိုလည်း သေချာဖုံးပေးတာကြောင့် မိတ်ကပ်လိမ်းရတာ ပိုကောင်းသွားပါတယ်။

Maybelline New York Master Prime Primer


သူ့ရဲ့ Texture က Lotion Type ဖြစ်လို့ Blend ရတာ ပိုလွယ်ကူပါတယ်။ အသားအရေကိုချောမွေ့သွားစေပြီး အရေးအကြောင်းတွေကိုလည်း နည်းနည်းပါးပါး ဖုံးပေးနိုင်ပါတယ်။ ဒါ့အပြင် သူလည်း ချွေးပေါက်ဖုံးပေးပါတယ်။ Acne-prone Skin တွေအတွက် အထူးသင့်တော်ပါတယ်။

Essence Prime+ Studio Hydrating +Skin Refreshing Primer


Hydrating ပေးတဲ့ Primer ဖြစ်တာကြောင့် အသားခြောက်တဲ့ Dry Skin တွေအတွက် အထူးသင့်တော်ပါတယ်။ Blend ရလွယ်ကူပြီး Moisturizer လိမ်းရသလို Feeling မျိုးရစေပါတယ်။

Aveeno MaxGlow Hydrating Face Serum + Primer


Sensitive Skin နဲ့ Dry Skin အတွက် အထူးသင့်တော်တဲ့ Primer ဖြစ်ပါတယ်။ အသားအရေနူးညံ့စေတဲ့ Natural Oils, Vitamin, Kiwifruit Water တွေပါဝင်ပါတယ်။ လိမ်းလိုက်တာနဲ့ အသားအရေစိုပြည်ပြီး Glow စေတာကြောင့် လူကြိုက်များတဲ့ Primer တစ်ခုပါပဲ။


#အသားအရေ
#DrySkin
#Primer
#မိတ်ကပ်
#Hydrating

Some text some message..