Body Shape ပိုပေါ်လွင်ပြီးလှပလာစေဖို့အတွက် Bodyweight Exercise 8 မျိုး
mystylemyanmar.com
|
2023-09-29

Body Shape ပိုပေါ်လွင်ချင်တဲ့သူတွေအတွက် Body Shape ပိုပေါ်လွင်ပြီး လှပလာစေမယ့် Bodyweight Exercise 8 မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ Exercise နဲ့ ပြောင်းလဲမှုကို ရယူချင်တယ်ဆိုရင်တော့ အချိန်ယူပြီး သေချာလုပ်ပေးဖို့ လိုပါတယ်။ တစ်ပတ်မှာ ၄ ရက်လောက်ပဲ ဆော့ပေးရင်တောင် လုံလောက်နေပါပြီ။

Squats


Body Shape ပေါ်လွင်ဖို့ဆိုရင် တင်လှဖို့ကလည်း ပါဝင်ပါတယ်။ ဒီတော့ Squats Exercise က မပါမဖြစ်ပဲပေါ့။ တစ်နေ့ကို အကြိမ် ၃၀ ပုံမှန်လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။

Reverse Lunges


Reverse Lunges Exercise ကလည်း တင်ထွက်လာစေဖို့၊ ပေါင်တံလှပစေဖို့ ကူညီပေးတာကြောင့် ပုံမှာလုပ်ပြထားတဲ့အတိုင်း ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် ၂၀ စီ လုပ်ပေးပါ။

Single-Leg Glute Bridges


ဒီ Exercise ကိုလည်း ခြေထောက်ကို ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် ၃၀ စီ လုပ်ပေးပါ။

Donkey Whips


Body Shape ပေါ်လွင်ပြီး လှပလာစေမယ့် နောက်ထပ် Exercise ပါ။ ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အနည်းဆုံး ၁၅ ကြိမ်၊ အကြိမ် ၂၀ လုပ်ပေးပါ။

Push-Ups


Push-Ups Exercise လုပ်တဲ့အခါ အကြိမ် ၃၀ လောက်ရအောင် လုပ်ပေးပါ။

Plank-Ups


Plank-Ups လုပ်တဲ့အခါ နည်းနည်းပင်ပန်းနိုင်ပေမယ့် ကြိုးစားပြီး လုပ်ကြည့်ပါ။ စစချင်းမှာ ၁၅ ကြိမ်လောက်စနေ စလုပ်ပါ။ နောက်ပိုင်းကျမှ အကြိမ် ၂၀၊ အကြိမ် ၃၀ တိုးပြီးလုပ်သွားပါ။

Hip Bridges


Hip Bridges Exercise ကိုတော့ အကြိမ် ၃၀ လောက်ရအောင် လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။

Bicycle Crunches


ခါးလည်းသေးပြီး အဆီကျစေမယ့်၊ ခြေတံလည်း ပိုလှလာစေမယ့် Exercise ဖြစ်ပါတယ်။ ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၅ ကြိမ်၊ အကြိမ် ၂၀ လုပ်ပေးပါ။


#ခြေထောက်
#Exercise
#Squats
#BodyShape
#HipBridges

Some text some message..