Dry Skin တွေအတွက် Dermatologists တွေကိုယ်တိုင်ညွှန်းထားတဲ့ Moisturizer များ
mystylemyanmar.com
|
2023-09-30

ခြောက်သွေ့တဲ့အသားအရေဖြစ်တဲ့ Dry Skin တွေအတွက် Dermatologists တွေကိုယ်တိုင်ညွှန်းထားတဲ့ အကောင်းဆုံး Moisturizer တွေကို မျှဝေပေးလိုက်ပါတယ်။

Skinfix Barrier+ Triple Lipid-Peptide Refillable Face Cream


Shea butter, jojoba oil, peptides, lipids, squalane အဓိကပါဝင်ပြီး Gentle Cream Moisturizer ဖြစ်ပါတယ်။ အသားအရေကို Moisturizing အပြည့်အဝပေးနိုင်ပြီး Skin Barrier လည်း ပိုကောင်းလာစေပါတယ်။ ဒါကြောင့် အသားခြောက်တဲ့ Dry Skin တွေအတွက်တော့ အသင့်တော်ဆုံးပါပဲ။

Tower 28 Beauty SOS Daily Skin Barrier Redness Recovery Moisturizer


လိမ်းရတာ lightweight ဖြစ်ပြီး soothing effect ရစေပါတယ်။ Moisturizing အပြည့်အဝပေးတာဖြစ်ပြီး ချွေးပေါက်ပိတ်တာမျိုး၊ heavy ဖြစ်တဲ့ feeling မျိုး မဖြစ်စေပါဘူး။ Skin barrier ပိုကောင်းလာစေပြီး အသားအရေ နီမြန်းတာတွေကိုလည်း သက်သာစေပါတယ်။ Allantoin, ceramides, hyaluronic acid တို့ အဓိကပါဝင်ပါတယ်။

Neutrogena Hydro Boost Hyaluronic Acid Hydrating Face Moisturizer Gel-Cream


Gel-cream texture ဖြစ်လို့ လိမ်းရတာ အရမ်း lightweight ဖြစ်ပြီး အသားထဲစိမ့်ဝင်သွားတာလည်း မြန်ပါတယ်။ Hyaluronic acid, beeswax, dimethicone (smoothing) အဓိကပါဝင်လို့ အသားအရေ ကြည်လင်ချောမွေ့စေပါတယ်။ လိမ်းပြီးရင် စေးကပ်တဲ့ feeling မျိုး လုံးဝမရစေပါဘူး။

CeraVe Moisturizing Cream


အရမ်းအသားခြောက်တဲ့ very dry skin တွေအတွက် moisturizing လုံလောက်စွာပေးနိုင်ပါတယ်။ အသားအရေက moisturizing လုံလောက်နေတဲ့အတွက် အသားအရေကြည်လင်ပြီး စိုပြည်လာစေပါတယ်။ အဓိကပါဝင်တဲ့ပစ္စည်းတွေက Ceramides, hyaluronic acid, vitamin E တို့ပဲ ဖြစ်ပါတယ်။

Lancôme Rénergie H.P.N 300-Peptide Face Cream


Hyaluronic acid, peptides, niacinamide အဓိကပါဝင်တဲ့ anti aging cream ဖြစ်တာကြောင့် အရေးအကြောင်းတွေနဲ့ fine lines တွေ လျော့ပါးသွားစေပါတယ်။ အသားအရေပိုကောင်းလာပြီး အသားအရေ ကြည်လင်လာစေပါတယ်။ မျက်နှာက အရေးအကြောင်းတွေလည်း ရှိနေတယ်၊ အသားလည်းခြောက်တယ်၊ အသက်ကလည်း ၂၅ နှစ်ကျော်ပြီဆိုရင် ဒီ cream ကို သုံးနိုင်ပါတယ်။


#အသားအရေ
#Dermatologists
#Hyaluronicacid
#DrySkin
#moisturizer

Some text some message..