
Skin Care တယ်ဆိုတာ ကိုယ့်မျက်နှာအသားအရေကိုဂရုစိုက်ရတဲ့အလုပ်ပါ။ Skin care ရတဲ့ အဆင့်တွေဟာ ကိုယ်တတ်နိုင်ရင် တတ်နိုင်သလောက် အဆင့်တွေအများကြီးလုပ်လို့ရပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ Skin Care အတွက် ငွေလည်းသိပ်မသုံးနိုင်ဘူး အသားအရေလေးလည်းလှချင်တယ်ဆိုတဲ့ ပျိုမေလေးတွေအတွက် မလုပ်မဖြစ်လုပ်ရမယ့် အဆင့်လေးတွေကိုပြောပြပေးသွားပါမယ်။

(၁) Cleaning
မျက်နှာဟာ အထိအခိုက်မခံတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် သန့်ရှင်းစေဖို့ဂရုစိုက်ပေးရပါတယ်။ တစ်နေ့တာလုံးလိမ်းခြယ်ထားသမျှတွေကို အိပ်ရာမဝင်ခင်မှာ သင့်တော်ပြီးထိရောက်တဲ့ မျက်နှာသစ်ဆေးနှင့် သစ်ပေးဖို့လိုအပ်ပါတယ်။ ဒီအဆင့်ဟာ အသားအရေဂရုစိုက်မှုမှာ နံပါတ်တစ်အရေးကြီးတဲ့နေရာကနေပါနေတာပါ။ နဂိုအသားအရေကိုသေချာသန့်ရှင်းပေးမှပဲ ကျန်တဲ့အဆင့်တွေလုပ်တာမှာ အကျိုးသက်ရောက်မှုရှိနေမှာပါ။

(၂) Moisturizer
မျက်နှာကိုသန့်စင်စေဖို့ကအရေးကြီးသလို လိုအပ်တဲ့ရေဓာတ်ကိုဖြည့်တင်းပေးဖို့အတွက် ကလည်းအရေးကြီးပါတယ်။ ရေဓာတ်ပြည့်ဝတဲ့ အသားအရေကပဲ မလိုလားအပ်တဲ့အသားအရည်ပြဿနာတွေကိုကာကွယ်ပေးနိုင်မှာပါ။

(၃) SunScreen
နောက်ဆုံးအနေနှင့်အရေးကြီးဆုံးဖြစ်တဲ့ နေလောင်ကာ လိမ်းဖို့အဆင့်ပါပဲ။ တစ်ကယ်လို့ ဘယ်လောက်ပဲ အသားအရေကိုဂရုစိုက်နေပါစေ အဆင်ပြေတဲ့ Sunscren မလိမ်းထားဘူးဆိုရင် တင်းတိပ်လိုမျိုးအသားအရေပြဿနာတွေပေါ်လာမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာဆိုရင် နေရောင်ခြည်ဟာအသားအရေအတွက်အဓိကရန်သူဖြစ်လာတာကြောင့် နေလောင်ကာခရမ်ခ်ကို များများနှင့်ထိထိရောက်ရောက်လိမ်းပေးသင့်ပါတယ်။

#SkinCare #Cleaning #Moisturizer #Sunscreen #အသားအရေ