
အိပ်ရေးပျက်တာ ဒါမှမဟုတ် Screen အကြည့်များတာတွေကြောင့် မျက်လုံးအောက်နားတစ်ဝိုက်မှာ အညိုရောင်အကွင်းကြီးဖြစ်လာတာကို မျက်ကွင်းညိုတယ်လို့ခေါ်ကြတာပါ။ အမှန်တော့ မျက်ကွင်းညိုခြင်းဟာ အိပ်ရေးပျက်တာတစ်ခုထဲကြောင့်မဟုတ်ဘဲ မျိုးရိုးဗီဇနှင့် မျက်လုံးကိုမကာကွယ်ပေးလို့ဖြစ်တာတွေလည်းရှိပါတယ်။ ဒီလိုပန်ဒါမျက်လုံးမဖြစ်ရအောင်ကာကွယ်နိုင်မယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အိပ်ရေးဝဝအိပ်ပါ။ အိပ်ရေးမဝခြင်းက မျက်ကွင်းညိုတာကိုပိုသိသာစေတဲ့အပြင် အခြေအနေပိုဆိုးလာစေနိုင်တာကြောင့် အိပ်ရေးဝဖို့ကိုဂရုစိုက်ပေးပါ၊

(၂) မျက်လုံးဟာ ထိခိုက်လွယ်တဲ့နေရာဖြစ်တာကြောင့် အပြင်းအထန်ပွတ်တာနှင့် မျက်လုံးနားကို ဆေးဝါးတွေလိမ်းတာမျိုးကိုဆင်ခြင်ပေးပါ။

(၃) အသားအရေရဲ့ကျန်းမာခြင်းကလည်း မျက်လုံးကိုသက်ရောက်တာကြောင့် ရေများများသောက်ပြီးအသားခြောက်တာကိုကာကွယ်ပါ။

(၅) မျက်လုံးနားတစ်ဝိုက်ကို Suncream နေလောင်ကာခရင်မ် လိမ်းပေးဖို့မမေ့ပါနဲ့။ တစ်ချို့ Suncream တွေဟာ မျက်လုံးနားလိမ်းရင်စပ်လေ့ရှိတာကြောင့် ကိုယ့်မျက်လုံးနှင့်အဆင်ပြေတဲ့ Suncream တွေရှာဝယ်ပြီးလိမ်းပေးပါ။

(၆) လိမ်းရုံတင်မဟုတ်ဘဲ ထိရောက်တဲ့ကာကွယ်မှုဖြစ်ဖို့ မျက်လုံးကိုနေရောင်နှင့်တိုက်ရိုက်မထိတွေ့အောင်ထားထားပါ။ နေကာမျက်မှန်တပ်တာ ဒါမှမဟုတ် မျက်လုံးကိုဖုံးနိုင်တဲ့ ဦးထုပ်ဆောင်းတာမျိုးလုပ်ပေးပါ။

(၇) ဂရုတစိုက်နေပေမဲ့ အမြဲတမ်းမျက်ကွင်းညိုနေတယ်ဆိုရင်တော့ ကျွမ်းကျင်ဆရာဝန်နှင့်တွေ့ဆုံပြီး မျက်ကွင်းညိုရတဲ့အကြောင်းရင်းမှန်ကိုရှာပါ။ လိုအပ်တဲ့ဆေးဝါးတွေနှင့်ကုသပြီး နောက်ထပ်မဖြစ်အောင် သေချာဂရုစိုက်ပေးရပါမယ်။

#မျက်ကွင်းညို #နေလောင်ကာခရင်မ် #အိပ်ရေးဝခြင်း #နည်းလမ်း #နေရောင် #ဆရာဝန်