Oily Skin တွေအတွက် Greasy မဖြစ်တဲ့ အကောင်းဆုံး Sunscreen များ
mystylemyanmar.com
|
2023-10-13

Oily Skin တွေက skincare ရွေးချယ်တဲ့အခါမှာ ကိုယ့်အသားအရေအတွက် အဆင်ပြေတာမျိုးကို သေချာရွေးချယ်ဖို့ လိုပါတယ်။ အဆင်မပြေရင် ချက်ချင်း အဆီဖုနဲ့ဝက်ခြံတွေ ထွက်လာပြီး အဆီပြန်တာလည်း ပိုဆိုးလာမှာပါ။ ဒါကြောင့် ဒီတစ်ခါမှာတော့ Oily Skin တွေအတွက် Greasy မဖြစ်တဲ့ အကောင်းဆုံး Sunscreen တွေကို မျှဝေပေးလိုက်ပါတယ်။

Starface World Clear As Day SPF 46 Invisible Sunscreen Gel


Chemical sunscreen ဖြစ်ပြီး Dimethicone အဓိကပါဝင်ပါတယ်။ SPF 46 ပါပြီး oil-free ဖြစ်ပါတယ်။ Silicon လည်းပါတောကြောင့် သုံးပြီးရင် အသားအရေက ချေတာမွေ့သွားစေပါတယ်။ Matte Finish ဖြစ်တာကြောင့် အဆီပြန်တဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။ Greasy ဖြစ်မှာကိုလည်း စိတ်ပူစရာမလိုပါဘူး။

Hero Cosmetics Force Shield Superlight Sunscreen SPF 30


Mineral type sunscreen ဖြစ်ပြီး အဓိကပါဝင်တဲ့ ingredient တွေကတော့ ectoin, bisabolol, green tea extract တို့ ဖြစ်ပါတယ်။ SPF 30 ပါပြီး သူလည်း oil-free ပါပဲ။ အဆီပြန်တဲ့ အသားအရေအတွက် အရမ်းအဆင်ပြေပါတယ်။

Vacation Super Spritz SPF 50 Face Mist


Chemical sunscreen ဖြစ်ပြီး aloe, bisabolol, shea butter အဓိပါဝင်ပါတယ်။ SPF 50 ပါတာကြောင့် နေရောင်ခြည်ဒဏ်ကို အပြည့်အဝ ကာကွယ်ပေးပါတယ်။ Sunscreen ကို 4 နာရီခြားတစ်ခါ reapply လုပ်ဖို့က အဆင်မပြေတဲ့အခါ ဒီလို SPF ပါတဲ့ face mist လေးတွေ ဖြန်းပေးတာမျိုးက ပိုအဆင်ပြေမှာပါ။ Oil-free ဖြစ်လို့ အဆီပြန်တဲ့သူတွေ ရွေးချယ်သင့်ပါတယ်။

La Roche-Posay Anthelios Melt-In Milk Sunscreen SPF 60


အကောင်းဆုံး sunscreen တွေထဲမှာ အမြဲပါပါတယ်။ Chemical type ဖြစ်ပြီး dimethicone, vitamin E, glycerin တို့ အဓိကပါဝင်ပါတယ်။ SPF 60 ပါဝင်တာကြောင့် နေရောင်ခြည်ဒဏ်ကိုလည်း အပြည့်အဝကာကွယ်ပေးပါတယ်။ Oil-free ဖြစ်ပြီး လိမ်းထားရင် greasy မဖြစ်တဲ့အတွက် အဆီပြန်တဲ့သူတွေသုံးရတာ အဆင်ပြေပါလိမ့်မယ်။

Supergoop! Unseen Sunscreen SPF 40


SPF 40 ပါဝင်တဲ့ chemical sunscreen ဖြစ်ပါတယ်။ Matte texture နဲ့ လိမ်းလိုက်ရင် အသားအရေချောမွေ့သွားစေတယ်၊ greasy ဖြစ်တာမျိုးလည်းမရှိပဲ lightweight ဖြစ်ပါတယ်။ အဓိကပါဝင်တဲ့ ingredient တွေကတော့ dimethicone, shea butter, jojoba esters တို့ပဲ ဖြစ်ပါတယ်။


#အသားအရေ
#sunscreen
#OilySkin
#Cosmetic
#Oil-free

Some text some message..