
ဘာဂျာစကပ်ကို ပုံတုံးစကပ်တစ်ခုအနေနဲ့ မိန်းကလေးအများစုကသတ်မှတ်ထားပေမဲ့ သေချာလေး လုပ်ရင် ထူးခြားတဲ့ဖက်ရှင်ပုံစံလေးတွေရလာနိုင်ပါတယ်။ ဒီနေ့မှာတော့ ဘာဂျာစကပ်လေးကို ဘာတွေနှင့်တွဲဖက်ဝတ်ဆင်ပြီး အမိုက်စားဖက်ရှင်တွေဖြစ်လာအောင်လုပ်နိုင်မလဲဆိုတာကိုဖော်ပြပေးသွားပါမယ်။

ဒီလိုပြောင်ရှပ် လက်တိုလက်ရှည်လေးတွေနှင့် ဘာဂျာစကပ်ကိုတွဲဖက်ဝတ်ဆင်လိုက်ရင် ခေတ်ဆန်ပြီး ငြိမ်ငြိမ်လေးလှတဲ့ဖက်ရှင်ပုံစံကိုရရှိစေပါတယ်။

ဆောင်းရာသီအတွက် ဆွယ်တာအထူကြီးတွေကို ဘာဂျာစကပ်နှင့်အမြင်တစ်မျိုးဆန်းအောင် ဝတ်ဆင်နိုင်ပါတယ်။ အပေါ်အောက်အပွတွေဆိုပေမဲ့ လိုက်ဖက်မှုရှိပြီးကြည့်ကောင်းတဲ့ဆောင်းဦးဖက်ရှင်လေးဖြစ်ပါတယ်။

ဘာဂျာစကပ်ကို ကုတ်နှင့်တွဲဖက်ပြီး အပေါ်ကနေခါးပတ်ပတ်ထားတဲ့ဖက်ရှင်ကလည်း ရိုးရှင်းပြီးပွဲတိုးတဲ့ဖက်ရှင်တစ်ခုပါ။

Tweet ကုတ်အတိုလေးတွေနှင့် တွဲဖက်ပြီး Styling လုပ်တာကလည်းး ခေတ်ဆန်ပြီးလူငယ်ပုံစံကိုပေါ်စေတဲ့အပြင် ကျက်သရေရှိတဲ့ပုံစံကိုလည်းမြင်တွေ့စေနိုင်ပါတယ်။

လည်ပိတ်ဆွယ်တာနှင့် ကုတ်အရှည်ကြီးတွေကိုလည်း ဘာဂျာစကပ်နှင့်တွဲဖက်ပြီးဝတ်ဆင်နိုင်ပါတယ်။ အရပ်အမောင်းကောင်းတဲ့မိန်းကလေးတွေအတွက်ဆို ဒီဖက်ရှင်က လူအများကြားထင်းပြီးထူးခြားနေစေနိုင်မှာပါ။
Photos from Pinterest