အဆီပြန်တဲ့ Oily Skin တွေအတွက် အသင့်တော်ဆုံးနဲ့အကောင်းဆုံးဖြစ်တဲ့ မျက်နှာသစ်ဆေးများ
mystylemyanmar.com
|
2023-10-23

Skincare step တွေထဲမှာ cleansing step ကလည်း အရမ်းအရေးကြီးပါတယ်။ Cleansing သေချာမလုပ်ရင် skincare ဘယ်လောက်လိမ်းလိမ်း အကျိုးသက်ရောက်မှု သိပ်မရှိပါဘူး။ သုံးတဲ့အခါမှာလည်း ကိုယ့်အသားအရေနဲ့ ကိုက်ညီတာကို သေချာရွေးသုံးဖို့လိုပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ အဆီပြန်တဲ့ Oily Skin တွေအတွက် အသင့်တော်ဆုံးနဲ့ အကောင်းဆုံးဖြစ်တဲ့ မျက်နှာသစ်ဆေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

CeraVe Foaming Facial Cleanser


အရေပြားဆရာဝန်တွေကိုယ်တိုင် ထောက်ခံချက်ပေးထားတဲ့ cleanser ဖြစ်ပါတယ်။ Gentle foaming facial cleanser ဖြစ်ပြီး အဆီပြန်တဲ့ oily skin, acne-prone skin တွေအတွက် အရမ်းအဆင်ပြေပါတယ်။ အဆီတွေနဲ့ အညစ်အကြေးတွေကို သေချာသန့်စင်ပေးပါတယ်။ သုံးပြီးတဲ့အခါမှာလည်း မျက်ကခြောက်သွေ့သွားတာမျိုး မဖြစ်စေပါဘူး။

Garnier SkinActive Micellar Foaming Face Wash


အဆီပြန်တဲ့ oily skin တွေအပြင် all skin type သုံးလို့အဆင်ပြေတဲ့ cleanser ဖြစ်ပါတယ်။ အညစ်အကြေးတွေကို သေချာသန့်စင်ပေးပါတယ်။ သုံးပြီးတာနဲ့ fresh ဖြစ်သွားတဲ့ ခံစားမှုမျိုးရစေပါတယ်။ Gentle ဖြစ်လို့ မနက်ညသုံးလို့အဆင်ပြေပါတယ်။

La Roche-Posay Toleriane Purifying Foaming Cleanser


အဆီပြန်တဲ့ oily skin တွေနဲ့ sensitive skin တွေအတွက် အထူးသင့်တော်ပါတယ်။ သူလည်း gentle cleanser ဖြစ်ပါတယ်။ အညစ်အကြေးတွေနဲ့ အဆီတွေကို သေချာသန့်စင်ပေးပြီး သုံးပြီးတဲ့အခါမှာလည်း ခြောက်သွေ့သွားတာမျိုး မဖြစ်စေပါဘူး။ Niacinimide ပါလို့ skin brightening လည်း ဖြစ်စေပါတယ်။

Vichy Normaderm Phytosolution Intensive Purifying Gel


အသားအရေက အဆီပြန်တဲ့အပြင် hormonal acne တွေလည်း ရှိတယ်ဆိုတဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ Salicylic acid ပါလို့ ဝက်ခြံတွေသက်သာစေပြီး အဆီပြန်တာလည်း သက်သာစေတယ်၊ အဆီနဲ့ အညစ်အကြေးတွေကိုလည်း သေချာသန့်စင်ပေးပါတယ်။ သုံးပြီးသွားရင် အသားခြောက်တာမျိုးလည်း မဖြစ်စေတဲ့အတွက် အရမ်းအဆင်ပြေပါတယ်။

Origins GinZing Refreshing Scrub Cleanser


Scrub cleanser အမျိုးအစားဖြစ်တာကြောင့် နေ့တိုင်းသုံးတာထက် တစ်ပတ်တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ သုံးသင့်ပါတယ်။ အဆီပြန်ပြီး ချွေးပေါက်ပိတ်နေတယ်၊ အဆီဖု၊ ဝက်ခြံတွေလည်း ရှိနေတယ်ဆိုတဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ ချွေးပေါက်ပွင့်စေပြီး အသားအရေ ကြည်လင်လာစေတယ်၊ အညစ်အကြေးတွေနဲ့ dead skin cells တွေကိုလည်း ဖယ်ရှားပေးပါတယ်။


#အသားအရေ
#ဝက်ခြံ
#Cleanser
#OilySkin
#အညစ်အကြေး

Some text some message..