လက်ချောင်းလေးတွေ ပြောင်လဲ့ပြီး ထင်းနေစေမယ့် Cat Eye ပုံစံ လက်သည်းနီဒီဇိုင်းလေးများ
mystylemyanmar.com
|
2023-10-31
လက်သည်းနီလေးတွေ တစ်မျိုးပြီးတစ်မျိုး ပြောင်းဆိုးရတာကြိုက်တယ်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲနော်။ ဒီတစ်ခေါက်မှာ ပျိုမေတို့အတွက် လတ်တလော ရေပန်းစားနေတဲ့ လက်သည်းဒီဇိုင်းတစ်မျိုးဖြစ်တဲ့ Cat Eye လက်သည်းနီဒီဇိုင်းဆန်းလေးတွေကို ဖော်ပြပေးသွားမှာပါ။ Cat Eye လို့ခေါ်ကြတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ ကြောင်တွေရဲ့ မျက်လုံးတောက်တောက်လေးတွေကို ပြောင်လဲ့နေအောင် အကြည်နဲ့ Glitter အရောင်ရောကာ အမှုန်လေးတွေဖြန့်ပြီး ရောင်ပြန်ပေါ်အောင် ဆိုးရတဲ့ပုံစံလေးပါ။ သူက သီးသန့်ပုံသွင်းစရာမလိုဘဲ ကြည်ကြည်ပြောင်ပြောင်လေးနဲ့ အရမ်းလှပါတယ်။
အရောင်အမျိုးမျိုးဆိုးလို့ရသလို ဘယ်တော့မှမရိုးတဲ့ ဒီဇိုင်းလေးဖြစ်တာမို့ လက်သည်းနီကြိုက်သူတိုင်း တစ်ကြိမ်လောက်တော့ ဆိုးကြည့်သင့်တဲ့ ဒီဇိုင်းလေးပါနော်။ သင့်လက်လေးကို ထင်းသွားစေလို့ မြင်သူတိုင်း အားကျပြီး လိုက်ဆိုးချင်စိတ်ဖြစ်အောင် ဆွဲဆောင်နိုင်မှာပါ။ ဒီတော့ ဆိုးကြည့်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ဆက်ကြည့်လိုက်ရအောင်-
Photo Source: Pinterest
By MyStyle Myanmar
#လက်သည်းနီ
#ဒီဇိုင်း
#လက်သည်း
#ပျိုမေ
#CatEye
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ