နှုတ်ခမ်းနီတွေစွန်းတတ်တဲ့ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ?
mmload.com
|
2023-11-05

နှုတ်ခမ်းနီတွေကို ကိုယ်စားသောက်နေတဲပန်းကန်တွေ ဇွန်းတွေမှာစွန်းတာတွေမကြိုက်တဲ့ မိန်းကလေးတွေအတွက် ဒီလိုမဖြစ်စေဖို့လုပ်ဆောင်နိုင်တဲ့ နည်းလမ်းလေးတွေရှိပါတယ်။


(၁) လိုင်းနာခံပြီး နှုတ်ခမ်းနီဆိုးတာက အလွယ်တကူစွန်းတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်နှုတ်ခမ်းနီမဆိုးခင်အရင် နှုတ်ခမ်းအတွက်သုံးတဲ့လိုင်းနာကိုသုံးပြီးအောက်ခံအနေနှင့်ဆိုးတာက နှုတ်ခမ်းနီစွန်းတာတွေကိုကာကွယ်ပေးပါတယ်။


(၂) နှုတ်ခမ်းနီမဆိုးခင်မှာ Primer တစ်ထပ်အရင်ဆိုးတာကလည်း နှုတ်ခမ်းနီကို ကြာရှည်မြဲစေပြီးတော့ အလွယ်တကူမပျက်အောင်လုပ်ပေးပါတယ်။


(၃) နှုတ်ခမ်းနီဆိုးပြီးသွားတဲ့အချိန် တစ်ရှူးနှင့်နှုတ်ခမ်းကိုတစ်ခါလောက်စမ်းပေးတာကလည်း စိုစွတ်မှုတွေကိုစုတ်ယူပေးတာကြောင့် စားသောက်တဲ့အချိန်အလွယ်တကူမစွန်းထင်းအောင်ကူညီပေးနိုင်ပါတယ်။


(၄) ဆိုးပြီးသွားတဲ့ နှုတ်ခမ်းသားအပေါ်ကို‌ ပေါင်ဒါဖို့တာကလည်း နှုတ်ခမ်းနီရဲ့အစိုဓာတ်တွေကိုစုပ်ယူပေးတာကြောင့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ပေါင်ဒါက နှုတ်ခမ်းနီမှာရှိတဲ့ အစိုဓာတ်နှင့် စွန်းထင်းလွယ်တာတွေကိုထိန်းပေးနိုင်ပါတယ်။


(၅) နှုတ်ခမ်းနီမဆိုးရသေးတဲ့ နှုတ်ခမ်းသားပေါ်မှာ Foundation တစ်ထပ်ပါးပါးလေးလိမ်းပေးတာကလည်း နှုတ်ခမ်းနီကိုကြာရှည်ခံစေပြီးတော့ စွန်းထင်းတာမျိုးမဖြစ်အောင်လုပ်ပေးနိုင်ပါတယ်။



#မိန်းကလေး
#ပြဿနာ
#အစိုဓာတ်
#နည်းလမ်း
#နှုတ်ခမ်းနီ

Some text some message..