
(၁) ဆံပင်ကိုအရှည်မြန်စေချင်တယ်ဆိုရင် သူစတင်ပေါက်တဲ့ဦးရေပြားကကျန်းမာနေဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့်ဦးရေပြားကိုအချိန်ပေးပြီး ဆီနှင့်နှိပ်ပေးတာမျိုးလုပ်ရပါမယ်။ ဒီလိုလုပ်ပေးခြင်းက ဦးရေပြားကိုသန်စွမ်းလာစေပြီးဆံပင်ရှည်နှုုန်းကိုလည်း မြန်လာစေမှာဖြစ်ပါတယ်။

(၂) Conditioner တွေကို သေချာသုံးပေးတာကလည်း လိုအပ်တဲ့အရာတစ်ခုပါ။ သူတို့တွေဟာဆံသားကိုပျော့ပျောင်းစေပြီး ကျန်းမာစေတာကြောင့် ဆံပင်ကိုပိုရှည်စေတဲ့အာဟာရတွေပေးစွမ်းနိုင်ပါတယ်။

(၃) ဒါ့အပြင် ခေါင်းဖြီးတာနှင့် ဆံပင်ရှင်းတာတွေလုပ်တဲ့အချိန် ငြင်ငြင်သာသာလုပ်ပေးတာကလည်း ဆံပင်တွေပြတ်ထွက်တာနှင့် ကျွတ်ထွက်တာမျိုးကိုကာကွယ်ပေးတာကြောင့် အရှည်မြန်စေပါတယ်။

(၄) ဆံပင်အရင်းတွေကိုတင်းတင်းကြပ်ကြပ်စည်းနှောင်တာက ဆံပင်ကျန်းမာရေးကိုထိခိုက်စေပါတယ်။ ဒါ့ကြောင့် ဆံပင်အမြန်ရှည်ဖို့ဆိုရင်အရင်းပိုင်းကနေတင်းတင်းစီးရတဲ့ဆံပင်စတိုင်တွေကိုရှောင်ရှားဖို့လိုအပ်ပါတယ်။

(၅) Omega 3 နှင့် Vitamin C တို့လိုမျိုး ဆံသားအတွက်ကောင်းတဲ့ဆေးတွေကို အခါအားလျော်စွာသုံးပေးခြင်းကလည်း ဆံသားပိုကျန်းမာစေပြီး ပိုသန်လာစေပါတယ်။ ဒါ့အပြင်နေရောင်ခြည်ကိုအတော်အသင့်ရရှိတာကလည်းဆံပင်တွေသန်စွမ်းဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

(၆) ပြင်းထန်တဲ့ ဓာတုပစ္စည်းတွေပါဝင်နေတဲ့ ခေါင်းလျှော်ရည်တွေကိုသုံးစွဲခြင်းကလည်း ဆံပင်ကိုပိုပြီးဆိုးဝါးလာစေနိုင်ပါတယ်။

(၇) ရေသောက်ပေးခြင်းက ခန္တာကိုယ်အတွက်ကောင်းမွန်သလို ဆံသားအဆီပြန်တာနှင့် တစ်ခြားဆံသားပြဿနာတွေကိုလည်း ကာကွယ်ပေးတာကြောင့်ရေများများသောက်သင့်ပါတယ်။

(၈) ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးပြဿနာတော်တော်များများရဲ့အရင်းခံဖြစ်တာကြောင့် ဆံပင်အရှည်မြန်ချင်တယ်ဆိုရင် ဆေးလိပ်သောက်တာကိုလုံးဝရှောင်ကြဥ်သင့်ပါတယ်။