လက်မောင်းကအဆီတွေလျော့ကျစေဖို့ အိမ်မှာပဲလုပ်လို့ရတဲ့ လေ့ကျင့်ခန်း ၅ ခု
mystylemyanmar.com
|
2023-11-05

ဝမှလက်မောင်းကြီးတာမဟုတ်ပါဘူး ပိန်ရင်လည်း လက်မောင်း၊ ပေါင်တွေပဲ အဆီများပြီး တုတ်နေတာမျိုး ရှိပါတယ်။ ဒါကြောင့် လက်မောင်းတုတ်လို့ လက်မောင်းမှာအဆီများလို့ သေးချင်တဲ့သူတွေအတွက် လက်မောင်းကအဆီတွေ လျော့ကျစေဖို့ အိမ်မှာပဲလုပ်လို့ရတဲ့ လေ့ကျင့်ခန်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

Three-Point Push-Up




ပထမပုံမှာလုပ်ပြထားတဲ့အနေအထားနဲ့နေလိုက်၊ လက်ကိုပြန်ဆန့်ပြီး ခန္ဓာကိုယ်ပြန်မတ်လိုက်နဲ့ ၅ ကြိမ်လုပ်ပါ။ ပြီးရင် ဒုတိယပုံထဲကလို ခြေထောက်စုပြီး လက်ကိုပုံမှာလုပ်ပြထားသလိုလုပ်၊ ပြီးရင် လက်ကိုပြန်ဆန့်ပါ။ အဲ့အတိုင်း ၅ ကြိမ်လုပ်ပါ။ ပြီးရင် တတိယပုံမှာ လုပ်ပြထားသလို လက်ကိုဘေးကားပြီး ပုံထဲကအတိုင်းနေလိုက်၊ လက်ပြန်ဆန့်လိုက်နဲ့ ၅ ကြိမ်လုပ်ပါ။ ၃ မျိုးလုံးပြီးသွားရင် အားလုံး နောက်တစ်ကြော့ ထပ်လုပ်ပေးပါ။

Kneeling Triceps Press


Resistance band ကိုသုံးပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးရမှာပါ။ အနည်းဆုံး အကြိမ် ၂၀ လုပ်ပေးရမှာ ဖြစ်ပါတယ်။

Plank Arm Circles


ပုံမှာလုပ်ပြထားတဲ့အတိုင်း plank ထောက်နေတဲ့ အနေအထားနဲ့ ဘယ်လက်ကိုမြှောက်ပြီး စက်ဝိုင်းပုံ လှည့်ပေးပါ။ စက္ကန့် ၃၀ လှည့်ပြီးရင် ညာလက်ကိုမြှောက်ပြီး စက်ဝိုင်းပုံ စက္ကန့် ၃၀ ထပ်လှည့်ပေးပါ။ ပြီးရင် နောက်တစ်ခေါက် ထပ်လုပ်ပါ။

Plank Lateral Raises


Plank ထောက်တဲ့အနေအထားနဲ့ ပုံမှာပြထားသလို နေပေးပါ။ အလေးတုံးကိုကိုင်ပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်း ၁၅ ကြိမ်လုပ်ပေးပါ။ အကြိမ်ရေပြည့်ရင် ဘယ်ညာပြောင်းပြီး နောက်ထပ် ၁၅ ကြိမ် လုပ်ပေးပါ။ နှစ်ဖက်လုံး လုပ်ပြီးရင် နောက်တစ်ခေါက် ထပ်လုပ်ပေးပါ။

Single-Arm Plank Up/Downs


Plank ထောက်တဲ့အနေအထားနဲ့နေပြီး ဘယ်လက်ကိုရှေ့ဆန့်ပြီးမြှောက် ညာခြေထောက်ကို အနောက်ဆန့်ပြီးမြှောက်ပါ။ ပြီးရင် ပထမပုံထဲကလို ပြန်နေပါ။ ပြီးရင် ညာဘက်ကိုရှေ့ဆန့်ပြီးမြှောက်၊ ဘယ်ခြေထောက်ကို အနောက်ဆန့်ပြီးမြှောက်ပါ။ ပြီးရင် ပထမပုံထဲကလို ပြန်နေပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် ၂၀ လုပ်ပေးရင် ရပါပြီ။


#ခန္ဓာကိုယ်
#ခြေထောက်
#လေ့ကျင့်ခန်း
#plank
#ArmCircles

Some text some message..