အမျိုးသမီးတိုင်းမှာ ရှိသင့်တဲ့အိတ် (၅) မျိုး
mmload.com
|
2023-11-15

(၁) The Statement Bag

ဒီလိုအိတ်တွေဟာ နေ့စဥ်သုံးအိတ်တွေလိုမျိုးမဟုတ်ပေမဲ့ များသောအားဖြင့်လူတွေနေ့တိုင်းနီးပါးအသုံးပြုကြတဲ့အိတ်တစ်ခုဖြစ်ပါတယ်။ အရွယ်အစားမကြီးမသေးဖြစ်တဲ့အပြင် ပစ္စည်းအများစုလည်းထည့်နိုင်တာကြောင့် မိန်းကလေးတိုင်းမှာတစ်ခုလောက်တော့ရှိသင့်တဲ့အိတ်ဖြစ်ပါတယ်။


(၂) The Structured Everyday Bag

အကြမ်းခံပြီးတော့ နေ့တိုင်းနီးပါးလွယ်ဖြစ်တဲ့အိတ်တွေပါ။ ဒီလိုအိတ်တွေဟာ ကြိုးအတိုအရှည် နှစ်မျိုးလုံးနှင့်လွယ်နိုင်ပြီးတော့ အရွယ်အစားကလည်းအနေတော်ပဲဖြစ်ပါတယ်။


(၃) The Weekender

အားကစားရုံ ဒါမှမဟုတ် ခရီးထွက်တဲအချိန်အသုံးပြုလေ့ရှိတဲ့ဒီအိတ်တွေကလည်း မိန်းကလေးတွေဆီမှာရှိသင့်တဲ့ အိတ်ကြီးကြီးတွေဖြစ်ပါတယ်။


(၄) The Day Clutch

ပွဲတက်အိတ်လိုမျိုး ဒီလိုလက်ကိုင်အိတ်လေးတွေကလည်းပဲ မိန်းကလေးတိုင်းအတွက်မရှိမဖြစ်လိုအပ်တဲ့အိတ်အမျိုးအစားဖြစ်ပါတယ်။


(၅) The Tote

ဒီလို Tote bag တွေကလည်း လူငယ်ဆန်ပြီးတော့ စတိုင်ကျတဲ့ခံစားချက်ကိုလည်းပေးတာကြောင့် မိန်းကလေးတွေမှာရှိထားသင့်တဲ့အိတ်ဖြစ်ပါတယ်။



#အမျိုးသမီး
#ခံစားချက်
#မိန်းကလေး
#လူငယ်
#လက်ကိုင်အိတ်

Some text some message..