Beanieဆောင်းရာသီတိုင်းမှာ မရိုးသွားတဲ့ဖက်ရှင်ဦးထုပ်တစ်မျိုးပါ။ ဒီဇိုင်းပုံစံတွေရှိတဲ့အပြင် ဖက်ရှင်အများစုနှင့်လည်းလိုက်ဖက်တဲ့ဦးထုပ်တွေဖြစ်ပါတယ်။
Fuzzy Bucket Hatsအမျိုးသမီးတွေအတွက် ဆောင်းရာသီမှာမရှိမဖြစ်လိုအပ်တဲ့ဖက်ရှင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ နွေးထွေးမှုနှင့်ဖက်ရှင်ကျမှုကိုတစ်ပြိုင်တည်းပေးစွမ်းနိုင်တဲ့ အရာဖြစ်ပါတယ်။
Beretဖက်ရှင်ရေစီးကြောင်းမှာ မရိုးနိုင်တဲ့ဦးထုပ်အမျိုးအစားတစ်ခုဖြစ်တဲ့ beret ဟာဆောင်းရာသီနှင့်အလိုက်ဖက်ဆုံးဦးထုပ်လည်းဖြစ်ပါတယ်။ ဆောင်းအငွေ့အသက်ကိုအပြည့်အဝပေးနိုင်တဲ့ ဦးထုပ်ပါ။
Baker-Boy၁၉၀၀ ဝန်းကျင်တုန်းက ခေတ်စားခဲ့တဲ့ ဒီ ဦးထုပ်အမျိုးအစားတွေဟာလည်းပဲ ဆောင်းရာသီဖက်ရှင်အတွက်ရွေးချယ်သင့်တဲ့ ဦးထုပ်တွေဖြစ်ပါတယ်။
Fedoraဦးထုပ်အမျိုးအစားတွေထဲမှာ နာမည်ကြီးဖြစ်တဲ့ ဒီဦးထုပ်တွေကလည်းဆောင်းရာသီဖက်ရှင်ကိုလုံးဝပြည့်စုံသွားအောင်ဖြည့်ဆည်းပေးနိုင်ပါတယ်။ အထူးသဖြင့် အရောင်ရင့် Fedora တွေဟာ ဝတ်စုံမရွေးဘဲတော်တော်များများနှင့်လိုက်ဖက်လေ့ရှိပါတယ်။