အရောင်ဆိုးထားတဲ့ ဆံပင်ကိုဘယ်လိုထိန်းသိမ်းမလဲ
mmload.com
|
2023-12-08

(၁) အရောင်ဆိုးပြီး သုံးရက်လောက်ကြာမှခေါင်းလျှော်ရပါမယ်။ သုံးရက်မတိုင်ခင်လျှော်လိုက်ရင် ဆေးရောင်တွေလျော့ပြီး အရောင်မွဲသွားနိုင်တာကြောင့်ပါ။

(၂) ဆံပင်ကိုအရောင်ဆိုးထားတယ်ဆိုရင် ခဏခဏခေါင်းမလျှော်သင့်ပါဘူး။ လျှော်မယ်ဆိုရင်တောင် အရောင်မကျအောင်သီးသန့်ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်တွေနဲ့ပဲလျှော်ရမှာဖြစ်ပါတယ်။


(၃) ပေါင်းဆေးဟာ အရောင်ဆိုးထားတဲ့ဆံသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ဆံသားထိန်းသိမ်းမှုဖြစ်ပါတယ်။ အရောင်လျော့သွားတာကိုကာကွယ်ပေးတဲ့အပြင် ဆိုးဆေးကြောင့်ဖြစ်တဲ့ပျက်စီးမှုတွေကိုပါ လျှော့ချပေးနိုင်ပါတယ်။

(၄) အပူချိန်အမြင့်တွေသုံးလွန်းတာကလည်း ဆံသားအရောင်ကိုကျစေတဲ့အပြင် ဆံသားကြမ်းတမ်းတာနှင့် ပြတ်ထွက်တာလိုမျိုးဆံသားပြဿနာတွေကိုဖြစ်စေတတ်ပါတယ်။


(၅) ခေါင်းမလျှော်ခင် ဒါမှမဟုတ် လျှော်ပြီးအချိန်တွေမှာ သံလွင်ဆီလိုမျိုးဆီတွေနှင့်ဆံသားကိုနှိပ်နယ်ပေးတာမျိုးလုပ်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းက အရောင်ပိုတောက်စေသလို ဆံပင်ကိုလည်းသန်စွမ်းစေပါတယ်။

(၆) ဆံပင်ကိုနေရောင်ခြည်ဒဏ်ကနေကာကွယ်ပေးဖို့အတွက် SPF  ပါတဲ့ထုတ်ကုန်တွေကိုပဲအသုံးပြုသင့်ပါတယ်။ အကြောင်းကတော့ နေရောင်ဟာဆံသားအရောင်ကိုလွင့်စေတတ်တဲ့အတွက်ဖြစ်ပါတယ်။



#ပြဿနာ
#နေရောင်ခြည်
#အပူချိန်
#ဆံသား
#ပေါင်းဆေး

Some text some message..