ဂါဝန်အရှည်လေးတွေကို အပေါ်ထပ်အင်္ကျီလေးတွေထပ်ဝတ်တဲ့ ဖက်ရှင်စတိုင်လ်များ
mystylemyanmar.com
|
2023-12-10

ဂါဝန်အရှည်လေးတွေကို အပေါ်ထပ်အင်္ကျီလေးတွေထပ်ဝတ်တဲ့ ဖက်ရှင်စတိုင်လ်အမျိုးမျိုးကို မျှဝေပေးလိုက်ပါတယ်။ ဆောင်းတွင်းမှာဝတ်ဖို့အတွက် အသုံးဝင်စေမယ့် ဖက်ရှင်စတိုင်လ်လေးတွေလည်း ဖြစ်ပါတယ်။

ဒီလိုဂါဝန်အရှည်ကြီးဆိုရင် cardigan လေးပဲ ထပ်ဝတ်ပါ။ ရှင်းရှင်းလေးနဲ့ လှပါတယ်။


လူငယ်ကောင်မလေးတွေဆိုရင် ဂါဝန်အရှည် ဆွဲသားဗြောင်လေးတွေဝတ်တဲ့အခါ flannel shirt လေးထပ်ဝတ်လို့ရပါတယ်။ ဖိနပ်ကိုတော့ sneakers လေးစီးပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။


နောက်တစ်မျိုးအနေနဲ့ ဒီလိုဖက်ရှင်စတိုင်လ်လေးလည်း ဝတ်လို့ရသေးတယ်နော်။


တည်ငြိမ်ပြီးလှတဲ့ပုံစံလေးဆိုရင်တော့ ဒီလိုဂါဝန်လေးတွေကို အပေါ်ကနေ coat လေးတွေထပ်ဝတ်ပါ။ ဒီဖက်ရှင်ဆိုရင်တော့ ဖိနပ်ကို sneakers မစီးပါနဲ့။


Bodyfit ဂါဝန်အရှည်ဆိုရင် ဒီလို လက်လေးပဲအစွပ်ဖြစ်တဲ့ cardigan လေးတွေနဲ့တွဲဝတ်ပါ။ ဖက်ရှင်ကျပြီး ပိုလှပါတယ်။ Body shape လည်း ပိုပေါ်လွင်စေပါတယ်။


Bodyfit ဂါဝန်အရှည်လေးတွေကို ပေါ့ပါးမှုရှိအောင် ဒီလို cardigan အရှည်တွေနဲ့လည်း တွဲဝတ်လို့ရပါသေးတယ်။ ခရီးသွားတဲ့အခါမှာလည်း ဝတ်လို့ကောင်းတဲ့ ဖက်ရှင်လေးတွေပါ။



ရိုးရိုးလေးနဲ့ တည်ငြိမ်ပြီးလှနေစေမယ့် ဖက်ရှင်စတိုင်လ်လေးပါ။ ဒီလိုလေးလည်းဝတ်ကြည့်နော်။


ဂါဝန်အရှည်အဖြူလေးဆိုရင်တော့ အပေါ်ထပ် leather jacket လေးနဲ့ တွဲဝတ်လို့လည်းရပါတယ်။ ဖိနပ်ကတော့ boots စီးတာက ပိုပြီးဖက်ရှင်ကျမှာပါ။


ဂါဝန်အရှည်ကြီးတွေကို အပေါ်ထပ်ဘာနဲ့ဝတ်ရမှန်းမသိရင် jean jacket နဲ့သာ တွဲဝတ်ပြီး sneakers စီးပါ။ ဒါက ဘယ်တော့မှရိုးမသွားမယ့် ဖက်ရှင်မျိုးဖြစ်ပါတယ်။



ဂါဝန်အရှည်နဲ့အပေါ်ထပ် one set လာတာလေးတွေလည်း ရှိပါတယ်။ အဲ့လိုလေးဝတ်တာကလည်း ရှင်းရှင်းလေးနဲ့ လှပါတယ်။ ဆောင်းတွင်းမှာဆိုရင် ပိုတောင်ဝတ်လို့ကောင်းပါတယ်။


Photo source:www.pinterest.com


#ဖက်ရှင်
#ဂါဝန်
#စတိုင်လ်
#FlannelShirt
#Jacket

Some text some message..