ဆောင်းဦးအငွေ့အသက်ရတဲ့ ဖက်ရှင်အရောင်အတွဲအစပ် (၃) မျိုး
mmload.com
|
2023-12-12
ဆောင်းဦးအငွေ့အသက်ရအောင် လိမ္မော်ရောင်နှင့်အညိုတွေကို အခြေခံပြီးဝတ်ဆင်နိုင်တဲ့ပုံစံဖြစ်ပါတယ်။ အညိုကိုအရောင်ရင့်မသုံးဘဲ အဖျော့ဖက်ကအရောင်သုံးပြီး ဖိနပ် အိတ်နှင့်တစ်ခြားလက်ဝတ်လက်စားတွေကို အဖြူရောင်နှင့်အညိုရင့်တွေကို သုံးပါမယ်။ ကြည့်လိုက်တာနှင့်ဆောင်းဦးရဲ့အငွေ့အသက်ကိုတန်းပြီးမြင်နိုင်မယ့်ဖက်ရှင်ပါ။
အဝါဖျော့နှင့်လာဗင်ဒါခရမ်းလိုမျိုးငြိမ်တဲ့အရောင်လေးတွေကို အခြေခံအနေနှင့်ထားထားတဲ့ဖက်ရှင်ပါ။ အစိမ်းပုတ်လိုမျိုး အရောင်မှိုင်းကိုထပ်ထည့်လိုက်ရင် ပန်းပွင့်လေးလိုမျိုးခံစားစေနိုင်တဲ့ အရောင်အတွဲအစပ်ဖြစ်ပါတယ်။
ပန်းရောင်နှင့် အစိမ်းရောင်အတွဲအစပ်ကတော့ မိန်းကလေးဆန်ချင်တဲ့မိန်းကလေးတွေအတွက် အဓိကတွဲဖက်လေ့ရှိတဲ့အတွဲပါ။ ဆောင်းဦးပန်းပွင့်လေးတွေလို လှနေအောင်ပန်းရောင်ဖျော့လေးတွေနှင့်အစိမ်းရောင်အဖျော့လေးတွေကိုတွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ အထူးသဖြင့် ခရီးထွက်တဲ့အချိန် ဒီဖက်ရှင်လေးဟာနေရာတိုင်းဓာတ်ပုံရိုက်ဖို့အဆင်သင့်ဖြစ်နေမယ့်ဖက်ရှင်ပါ။
#ဖက်ရှင်
#အဖြူရောင်
#အငွေ့အသက်
#အဝါဖျော့
#လိမ္မော်ရောင်
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ