
မျက်နှာအသားအရေအမျိုးအစားကိုခွဲခြားဖို့အတွက် အရင်ဆုံးမျက်နှာသစ်ဆေးတစ်ခုနှင့် မျက်နှာသစ်ရပါမယ်။ မိတ်ကပ်တွေပြောင်အောင် သန့်ရှင်းရေးသေချာလုပ်ပြီးသစ်ဖို့လိုအပ်ပါတယ်။ ပြီးသွားရင် မျက်နှာကိုရေခြောက်အောင်သုတ်ပြီး တစ်နာရီတိတိဘာမှမလိမ်းဘဲ စောင့်ကြည့်ဖို့လိုအပ်ပါတယ်။ တစ်နာရီအကြာမှာ ဖြစ်လာတဲ့အသားအရေအခြေအနေအလိုက် Skin Type ကိုခွဲခြားနိုင်ပါတယ်။

(၁) သာမာန်အသားအရေ
ဒီအသားအရေပိုင်ရှင်တွေဟာ မျက်နှာသစ်ပြီးတစ်နာရီအကြာမှာလည်း ပုံမှန်လိုပဲအဆီမပြန် မခြောက်သွားတဲ့ အသားအရေကိုပိုင်ဆိုင်တဲ့သူတွေဖြစ်ပါတယ်။
(၂) အဆီပြန်အသားအရေ
တစ်နာရီအကြာမှာ မျက်နှာပေါ်မှာအဆီပြန်နေပြီဆိုရင် အဲ့တာအဆီပြန်အသားအရေအမျိုးအစားပဲဖြစ်ပါတယ်။ ဒီအသားအရေပိုင်ရှင်တွေဟာ အတော်အသင့်အဆီပြန်တဲ့သူရှိသလို မျက်နှာပြင်တစ်ခုလုံးဆိုးဆိုးဝါးဝါးအဆီပြန်တဲ့သူလည်းရှိတတ်ပါတယ်။

(၃) ပေါင်းစပ်အသားအရေ
နဖူး နှင့်နှာခေါင်းနားတစ်ဝိုက်အဆီပြန်ပြီးတော့ ကျန်တဲ့နေရာတွေအသားခြောက်နေတယ်ဆိုရင် အဲ့ဒါပေါင်းစပ်အသားအရေဖြစ်ပါတယ်။
(၄) ခြောက်သွေ့အသားအရေ
ဒီအမျိုးအစားကတော့ မျက်နှာသစ်ပြီးတစ်နာရီအကြာမှာ အသားအရေတွေတင်းခြောက်လာပြီး ယားယံလာတာမျိုးဖြစ်တတ်ပါတယ်။