
Delina Eau de Parfum
ပြင်သစ်ရေမွှေးတံဆိပ်တစ်ခုဖြစ်တဲ့ Delina ကတော့ရေမွှေးကျွမ်းကျင်ပညာရှင်တွေကနေရွေးချယ်ထားတဲ့ထိပ်တန်းအဆင့်ရေမွှေးပါ။ သူ့ရဲ့ရနံ့ဟာ နွေးထွေးနူးညံ့ပြီးတော့ မိန်းမဆန်တဲ့အငွေ့အသက်ရှိပါတယ်။ ခြောက်နာရီကြာအနံ့စွဲပြီးတော့ အချိန်ကြာလာလေ သူ့ရဲ့ရနံ့တွေက ပိုနူးညံ့လာလေဖြစ်တယ်လို့သိရပါတယ်။

Tangerine Boy Eau de Parfum
လီမွန်နှင့်ဂျင်းရနံ့တွေအဓိကပါဝင်တဲ့ ဒီရေမွှေးဟာလန်းဆန်းပြီး တက်ကြွတဲ့ရနံ့ရှိတဲ့ရေမွှေးဖြစ်ပါတယ်။ ကြာချိန် ၄ နာရီကနေ ၅ နာရီကျော်ရှိပြီးတော့ သစ်သီးရနံ့ပါနေပေမဲ့ အနံ့သိပ်မပြင်းတဲ့အမျိုးအစားဖြစ်ပါတယ်။

Reine Des Anges Extrait de Parfum
နှင်းဆီရနံ့အဓိကပါဝင်ပြီး ရနံ့ကြာရှည်ခံတဲ့အမျိုးအစားဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ နှင်းဆီပန်းလိုအနံ့ရှိပြီးတော့ မိန်းမဆန်ပြီးအမျိုးသားတွေကို ဆွဲဆောင်နိုင်တဲ့ရနံ့ဖြစ်ပါတယ်။

Wood Sage & Sea Salt Cologne
ပေါ့ပါးချိုအီပြီး နွေးထွေးတဲ့ရနံ့ရှိတဲ့ရေမွှေးဖြစ်ပါတယ်။ ပင်လယ်ဆားနှင့် ကလျာဏီအရွက်အဆီတွေအဓိကပါဝင်တာကြောင့် သစ်သားရနံ့လိုမျိုးသဘာဝဆန်တဲ့ရနံ့ရှိတဲ့ရေမွှေးဖြစ်ပါတယ်။ ရနံ့ကြာချိန်ကတော့ လေးနာရီဝန်းကျင်ဖြစ်ပါတယ်။

Good Girl Eau de Parfum
ရေမွှေးပရိတ်သတ်တွေကြားမှာ နာမည်ကြီးပြီးသားဖြစ်တဲ့ Good Girl Perfume ဟာဗင်နီလာအနံ့အဓိကပါဝင်ပြီး မိန်းမဆန်တဲ့ရနံ့အဖြစ်နာမည်ကြီးပါတယ်။ ဒီရေမွှေးဟာ ဆွတ်တဲ့သူကိုခမ်းနားကြီးကျယ်တယ်ဆိုတဲ့ ခံစားချက်ကိုပေးစွမ်းနိုင်တဲ့ရနံ့ဆိုပြီးလည်းနာမည်ကြီးပါတယ်။