Hiking သွားတဲ့အခါ ဖက်ရှင်ကျနေဖို့ ရွေးချယ်သင်တဲ့ Hiking Outfits Ideas များ
mystylemyanmar.com
|
2023-12-26

ဆောင်းရာသီအားလပ်ရက် သူငယ်ချင်းတွေနဲ့ Hiking သွားဖို့ အစီအစဥ်ရှိနေပြီလား ? အခုလိုဆောင်းရာသီ အားလပ်ရက် ခရီးသွားတဲ့အခါ တောင်တက်တာက လူငယ်တွေကြားမှာ အသွားများလာပါပြီ။



Hiking သွားတဲ့အခါ သဘာဝကိုလည်း ကောင်းကောင်းသိနိုင်သလို လူအများကြီးနဲ့သွားတဲ့အခါ သူငယ်ချင်းကောင်းတွေလည်း ရနိုင်တာကြောင့် ဒီဘက်ခေတ်မှာ တောင်တက်တာက လူကြိုက်များလာတဲ့ ခရီးစဥ်တစ်ခုပါပဲ။



ဒီလို Hiking သွားတဲ့အခါ သက်တောင့်သက်သာဖြစ်ဖို့နဲ့ ဘေးကင်းဖို့က အရေးကြီးဆုံးဖြစ်တာမလို့ တောင်တက်တော့မယ်ဆိုရင် အဝတ်အစားနဲ့ ဖိနပ်ကို သေချာရွေးချယ်ဖို့ လိုအပ်သလို တောင်တက်နေတဲ့အချိန်မှာလည်း ဖက်ရှင်ကျနေဖို့က လိုအပ်ပါတယ်။



အရင်တုန်းကတော့ Hiking သွားတဲ့အခါ ဝတ်တဲ့အဝတ်အစားတွေက ဒီဇိုင်းကိုအဓိကမထားကြပေမယ့် အခုနောက်ပိုင်းမှာတော့ တောင်တက်အဝတ်အစားနဲ့ပတ်သက်ပြီး တော်တော်များများက အရင်ကထက် ပိုပြီး အလေးအနက်ထားလာပါပြီ။




ဒါကြောင့် မိန်းကလေးတစ်ယောက်အနေနဲ့ တောင်တက်ခရီးမှာ ခေါင်းကနေ ခြေဖျားထိ ဘာဝတ်ရမယ်ဆိုတာကို ရွေးချယ်ရခက်နေရင် စတိုင်ကျလွန်းတဲ့ Hiking Outfits ပုံစံတွေကို inspired ယူနိုင်ဖို့ ဝေမျှပေးချင်ပါတယ်။








#ဖက်ရှင်
#အဝတ်အစား
#Outfit
#ဆောင်းရာသီ
#hiking

Some text some message..