အရောင်ငြိမ်တာကြိုက်တဲ့သူတွေအတွက် လှပတဲ့အညိုရောင်လက်သည်းဒီဇိုင်းများ
mystylemyanmar.com
|
2024-01-03

အရောင်ငြိမ်တာကြိုက်တဲ့သူတွေက လက်သည်းနီဆိုးတဲ့အခါမှာလည်း အရောင်ငြိမ်ငြိမ်လေးဆိုးရတာကို ကြိုက်မှာပါ။ အညိုရောင်ဆိုရင် လူကြီးလူငယ်မရွေး လိုက်ဖက်တဲ့ အရောင်ငြိမ်လေးပါ။ ဒါကြောင့် အရောင်ငြိမ်တာကြိုက်တဲ့သူတွေအတွက် လက်သည်းပုံဖော်တဲ့အခါမှာ ဒီဇိုင်းစဉ်းစားနေစရာမလိုအောင် လှပတဲ့ အညိုရောင်လက်သည်းဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီအညိုရောင် လက်သည်းဒီဇိုင်းဆိုရင် အရောင်ငြိမ်တာ ၂ ရောင်ကို စပ်ဆိုးထားတာပါ။ ဒီဇိုင်းက ကိုယ်တိုင်တောင် ပုံဖော်လို့ရလောက်တဲ့အထိ အရမ်းလွယ်ကူရိုးရှင်းပါတယ်။


လက်သည်းအတိုအရှည် အားလုံးနဲ့လိုက်ဖက်တဲ့ အညိုရောင် လက်သည်းဒီဇိုင်းလေးပါ။ ဘိုဆန်ပြီးလှတဲ့ ဒီဇိုင်းလေးပါ။


ဒီဇိုင်းရှုပ်တာမျိုးတွေ မကြိုက်တဲ့သူတွေအတွက် ရှင်းရှင်းလေးနဲ့ ဘိုဆန်ပြီးလှတဲ့ အညိုရောင် လက်သည်းဒီဇိုင်းလေးပါ။


ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း ရှင်းရှင်းလေးနဲ့လှပါတယ်။ လူကြီးလူငယ်မရွေးလည်း လိုက်ဖက်ပါတယ်။


ဒီလက်သည်းဒီဇိုင်းလေးကတော့ အညိုရောင်ဆိုးတဲ့အခါမှာ ပုံဖော်လို့ အကောင်းဆုံးပါပဲ။ ဘိုဆန်ပြီးလှတဲ့အပြင် ဘယ်တော့မှလည်း ရိုးမသွားမယ့် ဒီဇိုင်းမျိုးပါ။


လက်သည်းအချွန်ထားတယ်ဆိုရင် အညိုရောင် လက်သည်းဒီဇိုင်းကိုမှ ဒီလိုလေးဆိုးကြည့်နော်။ Simple အဖြစ်ဆုံးက အလှဆုံးပါပဲ။


ဒီအညိုရောင် လက်သည်းဒီဇိုင်းကတော့ လူကြီးလူငယ်မရွေး လိုက်ဖက်တဲ့ ဒီဇိုင်းမျိုး ဖြစ်တဲ့အပြင် လက်မှာပဲဆိုးဆိုး၊ ခြေထောက်မှာပဲဆိုးဆိုး လှပါတယ်။


Matte type ဆိုးမယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးက ရှင်းရှင်းလေးနဲ့လှပါတယ်။ လူကြီးလူငယ်မရွေးလည်း လိုက်ဖက်ပါတယ်။


ဒါကတော့ ချောကလက်အရည်တွေကျလာသလိုမျိုး ခံစားရစေမယ့် အညိုရောင် လက်သည်းဒီဇိုင်းလေးပါ။


လူငယ်ဆန်ပြီး ဒီဇိုင်းဆန်းတဲ့ အညိုရောင် လက်သည်းဒီဇိုင်းလေးပါ။ လက်သည်းတိုရင် ဒီလိုလေးပုံဖော်တာက လှပါတယ်။


လက်သည်းအချွန်ထားတဲ့သူတွအတွက် နောက်ထပ် ရှင်းရှင်းလေးနဲ့ဆန်းတဲ့ အညိုရောင် လက်သည်းဒီဇိုင်းလေးပါ။


Photo source:www.pinterest.com


#ခြေထောက်
#အညိုရောင်
#လက်သည်းဒီဇိုင်း
#လူငယ်
#simple

Some text some message..