
Y2K Style ဆိုတာ ၂၀၀၀ ပြည့်နှစ်တွေတုန်းကခေတ်စားပြီးလူကြိုက်များခဲ့တဲ့ဖက်ရှင်တွေကိုဆိုလိုတာပါ။ ဒီလိုဖက်ရှင်စတိုင်တွေဟာ အခုနောက်ပိုင်းမှာ ပြန်ခေတ်စားလာပြီးတော့ လူငယ်အများစုလိုက်ဝတ်လာကြတဲ့ဖက်ရှင်တွေပါ။ ဒီနေ့မှာတော့ Y2K စတိုင်အတိုင်း လုပ်ဖို့လွယ်ကူတဲ့ဖက်ရှင်(4) မျိုးကိုဖော်ပြပေးသွားပါမယ်။
Cardigan & JeansCardigan တွေနှင့်ဂျင်းတွေဟာ ၂၀၀၀ ပြည့်နှစ်ဖက်ရှင်လောကရဲ့အဓိက Item နှစ်ခုပါ။ အထူးသဖြင့် အရောင်အသွေးစုံလင်တဲ့ အပေါ်ဝတ်တွေနှင့် Baggy ဂျင်းပွကြီးတွေဟာ ၂၀၀၀ ရဲ့အငွေ့အသက်ကိုအပြည့်ပေးနိုင်တဲ့ဖက်ရှင်အတွဲအစပ်ဖြစ်ပါတယ်။
Jeans & Silk Scarf Topပိုးသားပုဝါ နှင့် အောက်ကားဂျင်းအတွဲအစပ်လေးဟာလည်း ၂၀၀၀ ပြည့်နှစ်ကိုတန်းပြီးသတိရသွားစေနိုင်တဲ့ဖက်ရှင်ပါ။ အထူးသဖြင့် ပိုးသားပုဝါကို ရင်ပြတ်အင်္ကျီပုံစံဖန်တီးခဲ့တဲ့ဖက်ရှင်ဟာ တစ်ကယ်ခေတ်မှီပြီး အခုချိန်ထိလူကြိုက်များနေတဲ့ဖက်ရှင်ဖြစ်ပါတယ်။
Mini Skirt & Cropped Cardiganမီနီစကပ်လေးတွေနှင့် Short Cardigan အတွဲလေးကလည်း အခုချိန်ထိရေပန်းစားတဲ့ဖက်ရှင်စာရင်းထဲပါဝင်နေတဲ့ဖက်ရှင်ပါ။ မီနီစကပ်ထဲမှာ သာမာန်စကပ်တွေထက် အကွက်ပုံစံစကပ် ဒါမှမဟုတ် နက်ပြာရောင်ဂျင်းစကပ်တွေကပိုပြီး Y2K ဆန်ပါတယ်။
Bedazzled Top & Distressed Denimလုံးဝရင်ပြတ် အတိုတွေနှင့် ချက်အောက်ဘောင်းဘီ စကပ်တွေကလည်း ၂၀၀၀ခုနှစ်ရဲ့အမှတ်အသားလိုဖြစ်နေတဲ့ စတိုင်တွေပါ။ ဒီလို Outfit ကိုတော့ လက်ဝတ်လက်စားမျိုးစုံတွေထပ်ဆင်ပြီးဝတ်ဆင်လေ့ရှိကြပါတယ်။