ဆောင်းရာသီနှင့်အလိုက်ဖက်ဆုံး သားမွေးအင်္ကျီဒီဇိုင်းများ
mmload.com
|
2024-01-15

သားမွေးအင်္ကျီဒီဇိုင်းဖြစ်ပေမဲ့ သားမွေးတွေကိုလက်နားနှင့်လည်ပင်းနားလေးတွေမှာပဲ သပ်သပ်ရပ်ရပ်လေးထည့်ထားတဲ့ ဒီ ပုံစံလေးဟာလူငယ်ဆန်ပြီးတော့ ပွဲတိုးတဲ့ပုံစံလေးဖြစ်ပါတယ်။ 


သားမွေးအထည်သက်သက်ကိုပဲ ကုတ်အဖြစ်ချုပ်ထားတဲ့ ဒီလိုဒီဇိုင်းတွေကလည်းရိုးရှင်းတယ်ဆိုပေမဲ့ ခရီးသွားတဲ့အချိန်တွေမှာ အဆင်ပြေတဲ့ဖက်ရှင်ပါ။ အထူးသဖြင့် အအေးပိုင်းနေရာတွေကိုခရီးထွက်တဲ့အချိန် ဒီလိုကုတ်တွေဟာ အိပ်တဲ့နေရာကနေ အပြင်ထွက်ဝတ်လို့ရတဲ့အထိအဆင်ပြေပါတယ်။ 


လည်သာနှင့် သားမွေးကိုရောချုပ်ထားတဲ့ ဒီလိုဒီဇိုင်းတွေဟာ ခေတ်ဆန်တဲ့အပြင် တန်ဖိုးကြီးမားတဲ့အသွင်အပြင်ကိုပါဖြစ်စေပါတယ်။ ဆောင်းရာသီမှာတင်မကဘဲ ကျန်တဲ့အချိန်တွေမှာပါဝတ်ဆင်ဖို့သင့်တော်တဲ့ ဒီဇိုင်းဖြစ်ပါတယ်။ 


ဒီလိုသားမွေးကုတ်အတိုလေးတွေဟာ နောက်ပိုင်းမှာပိုပြီးလူကြိုက်များလာနိုင်ခြေရှိတဲ့ဒီဇိုင်းတွေပါ။ အထူးသဖြင့် ဂါဝန်တွေနှင့်တွဲဝတ်ဖို့အတွက်သင့်တော်တဲ့ ကုတ်တွေဖြစ်ပါတယ်။ 


အရင်ခေတ်ဖက်ရှင်တွေကတည်းက ရေပန်းစားခဲ့တဲ့ သားမွေးလက်ပြတ်အနွေးထည်တွေဟာ အခုချိန်ထိအောင်လူကြိုက်များနေဆဲပဲဖြစ်ပါတယ်။ 


သားမွေးကုတ်တွေကို တစ်ခြားပိတ်စတွေနှင့်စပ်ပြီးတော့ ချုပ်ထားတဲ့ပုံစံပါ။ ကုတ်ရဲ့ဒီဇိုင်းပုံစံကိုလည်း မိန်းကလေးဆန်တဲ့ပုံစံလေးချုပ်ထားတာကြောင့် မိန်းကလေးအများစုသဘောကျကြမယ့်ဒီဇိုင်းဖြစ်ပါတယ်။ 


ဒီလိုဒီဇိုင်းတွေကတော့ အခုနောက်ပိုင်းလူငယ်တွေကြားမှာပိုပြီးနာမည်ကြီးလာတာဖြစ်ပါတယ်။ သားမွေးအပေါ်မှာ ပုံဖော်ထားတဲ့ပိတ်စတွေကိုထပ်ချုပ်ပြီးတော့ ဂျစ်ပစီဆန်ပြီးခေတ်ဆန်တဲ့ပုံစံဒီဇိုင်းတွေဖန်တီးထားတာပါ။ 


အရောင်ဆင်တဲ့သားမွေးတွေကို စပ်ထားပြီးရှပ်အရှည်လိုမျိုးချုပ်ထားတာကလည်း ဆောင်းဖက်ရှင်အတွက်တင်မကဘဲ ကျန်တဲ့အချိန်တွေမှာပါဝတ်ဆင်နိုင်တဲ့ဒီဇိုင်းမျိုးဖြစ်ပါတယ်။ 


သားမွေးနှင့် လေဖောင်းမိုးကာသားကိုပေါင်းစပ်ပြီးတော့ ဆောင်းရာသီဖက်ရှင်အတွက်မရှိမဖြစ်ကုတ်အရှည်လိုမျိုးချုပ်ထားတဲ့ဒီဇိုင်းဖြစ်ပါတယ်။ ဒီလိုကုတ်အရှည်မျိုးဟာ သာမာန်ထက်ပိုအေးတတ်တဲ့နေရာဒေသတွေကိုသွားရင် မရှိမဖြစ်ဆောင်သွားသင့်တဲ့ကုတ်တွေဖြစ်ပါတယ်။ 


#ဖက်ရှင်
#ဆောင်းရာသီ
#ဒီဇိုင်း
#ဂါဝန်
#မိန်းကလေး

Some text some message..