ချစ်စရာကောင်းပြီး တည်ငြိမ်တဲ့ Tweed ဝမ်းဆက်ဒီဇိုင်းလေးများ
mmload.com
|
2024-01-15

လုပ်ငန်းခွင်ဝင်နေရတဲ့ မိန်းကလေးတွေအတွက် အတော်လေးအဆင်ပြေစေမယ့်ဒီဇိုင်းဖြစ်ပါတယ်။ အပေါ်ကုတ်ကိုအပွချုပ်ထားပြီး မီနီစကပ်နှင့်တွဲထားတာဟာ ပွဲတက်ဝတ်စုံအဖြစ်ပါဝတ်ဆင်လို့ရနိုင်တဲ့ဒီဇိုင်းတစ်ခုပါ။ 


အပေါ်ကုတ်ကို Top လိုမျိုးခါးတိုလေးချုပ်ထားပြီး မီနီစကပ်နှင့်တွဲပေးလိုက်တာဟာ လူငယ်ဆန်ပြီးတော့ ချစ်စရာကောင်းတဲ့အငွေ့အသက်ကိုရစေပါတယ်။ 


Tweed ကို ဇာအပါးသားနှင့်လက်ရှည်အဖြစ်ဆက်ပြီးလက်ရှည်အင်္ကျီလိုမျိုးချုပ်ထားပြီး မီနီစကပ်နှင့်တွဲထားတဲ့ဒီဇိုင်းပါ။ ဒီပုံစံဟာ လူငယ်ဆန်ပြီးတော့ Tweed တစ်ခုတည်းမဟုတ်တာကြောင့် ဖက်ရှင်အမြင်အရလည်း ဆန်းသစ်တဲ့ဒီဇိုင်းလေးဖြစ်ပါတယ်။ 


Tweed ဝမ်းဆက်တွေကို များသောအားဖြင့် မီနီစကပ်ပဲချုပ်ကြလေ့ရှိပေမဲ့ အခုလိုမျိုး စကပ်ရှည်တွေနှင့်ချုပ်ဝတ်ရင်လည်း အတော်လေးလှပါတယ်။  လူကြီးဆန်ပြီး တည်ငြိမ်တဲ့အသွင်အပြင်ကိုဖြစ်ပေါ်စေတဲ့ ဒီဇိုင်းပါ။


Tennis စကပ်လိုမျိုး မီနီစကပ်လေးတွေကို  Tweed အသားနှင့်ချုပ်တာကလည်း အရောင်ကိုပေါ်ပြီးတော့ ချစ်စရာကောင်းတဲ့ Outfit ဖြစ်သွားစေပါတယ်။ ပုံထဲကလိုမျိုး အင်္ကျီရဲ့လက်မှာ အဖောင်းအတွန့်လေးတွေထည့်လိုက်တာက ပိုပြီးချစ်စရာကောင်းပုံပေါ်သွားစေပါတယ်။ 


Tweed နှင့် ဘောင်းဘီရှည်ချုပ်ဝတ်ကြလေ့မရှိပေမဲ့ ကုတ်အရှည်နှင့်တွဲဝတ်လိုက်ရင်အတော်လေးမိုက်တဲ့ ဖက်ရှင်ပါ။ ဒီလိုဝတ်စုံဟာ ဝတ်ဆင်သူကို တည်ငြိမ်ရင့်ကျက်ပြီး Alpha Female တစ်ယောက်ဖြစ်တယ်ဆိုတဲ့ခံစားချက်ဖြစ်ပေါ်စေပါတယ်။ 


#ဖက်ရှင်
#ခံစားချက်
#လူငယ်
#ဝမ်းဆက်
#Tweed

Some text some message..