မျက်ခုံးမွှေးထူလာစေဖို့အတွက် Homemade Serum ပြုလုပ်နည်းနဲ့ အသုံးပြုပုံ
mystylemyanmar.com
|
2024-01-19

မျက်ခုံးမွှေးထူချင်တဲ့သူတွေနဲ့ မျက်ခုံးမွှေးမရှိတဲ့သူတွေအတွက် အိမ်မှာအလွယ်တကူပြုလုပ်လို့ရမယ့် Homemade Serum ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ ဒီ Homemade Serum ကို သုံးပေးရုံနဲ့ ဖြေးဖြေးချင်းစီ မျက်ခုံးမွှေးထူလာစေမှာပါ။ ဘယ်လိုအသုံးပြုရမလဲဆိုတာကိုလည်း ပြောပြပေးလိုက်ပါတယ်။

အရင်ဆုံး မျက်ခုံးမွှေးထူလာအောင် Homemade Serum ပြုလုပ်ဖို့အတွက် ပါဝင်ပစ္စည်း ၄ မျိုးလိုပါတယ်။ ကြက်သွန်ဖြူ၊ အုန်းဆီ၊ ကြက်ဆူဆီနဲ့ Tea Tree Oil တို့ပဲ ဖြစ်ပါတယ်။

ကြက်သွန်ဖြူက Keratin Protein ပါလို့ ဆံပင်နဲ့ အမွှေးအမျှင်တွေ သန်စွမ်းစေပါတယ်။

အုန်းဆီကတော့ ဆံသားနဲ့ အမွှေးအမျှင်တွေ ကျန်းမာဖို့အတွက်လိုအပ်တဲ့ Moisture ကြွယ်ဝစွာ ပါဝင်ပါတယ်။

ကြက်ဆူဆီကတော့ ဆံသားနဲ့ အမွှေးအမျှင်တွေ ထူစေတယ်၊ သန်စေပါတယ်။

Tea Tree Oil ကတော့ ဆံသားနဲ့ အမွှေးအမျှင်တွေ ချောမွေ့စေပြီး ရှည်လာစေပါတယ်။


ဒီပါဝင်ပစ္စည်း ၄ မျိုးကိုသုံးပြီးတော့လုပ်ရမယ့် နည်းလမ်းကတော့…

ကြက်သွန်ဖြူကိုကြိတ်ပြီးတော့ အရည်ရအောင် ညှစ်ချပါ။ ရလာတဲ့အရည်ကို ၁၅ စက်လောက် ပန်းကန်ထဲထည့်ပြီး ကြက်ဆူဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ အုန်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ Tea Tree Oil ၅ စက်လောက်ထည့်မွှေပါ။ ပြီးရင် ဘူးတစ်ခုခုထဲ ထည့်ထားပါ။


သုံးတဲ့အခါမှာ အရင်ဆုံး မျက်နှာသစ်ပါ။ ပြီးရင် လက်ချောင်းထိပ်လေးနဲ့ ယူပြီးတော့ မျက်ခုံးကိုပွတ်ပြီး လက်ချောင်းလေးတွေနဲ့ မျက်ခုံးကို Massage လုပ်နှိပ်နယ်ပေးပါ။ ပြီးရင် တစ်ညထားပြီး မနက်ရောက်မှ ရေကြက်သီးနွေးနဲ့ သန့်စင်ပေးပါ။ မျက်လုံးနားတစ်ဝိုက်ကိုပွတ်တာမျိုး မဖြစ်အောင်လို့ သတိထားရပါမယ်။

တခြားအချိန်တွေမှာဆိုရင် Mascara ကော့တဲ့အတံအသန့်နဲ့ ယူပြီးတော့ မျက်ခုံးကိုဖြီးပေးတာမျိုး လုပ်လို့လည်း ရပါတယ်။


ဒီနည်းလမ်းကို နေ့တိုင်းသာလုပ်သွားမယ်ဆိုရင်တော့ လပိုင်းအတွင်းမှာတင် မျက်ခုံးမွှေးထူလာတဲ့ Result ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။


#မျက်ခုံးမွှေး
#အုန်းဆီ
#ကြက်သွန်ဖြူ
#အမွှေးအမျှင်
#serum

Some text some message..