အနီနဲ့အနက်စပ်ပြီးပုံဖော်ထားတဲ့ လှပတဲ့လက်သည်းဒီဇိုင်းများ
mystylemyanmar.com
|
2024-01-20

လက်သည်းပုံဖော်ရတာကြိုက်တဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ အနီနဲ့အနက်စပ်ပြီး ပုံဖော်ထားတဲ့ လှပတဲ့ လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။ အနီနဲ့အနက်ကို စပ်ဆိုးလိုက်ရင်တော့ ဆွဲဆောင်မှုရှိပြီး အထာကျကျနဲ့ လှပနေမှာ သေချာပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အထာကျကျနဲ့လှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ အနီနဲ့အနက်ကိုမှ Matte Type ဆိုးပြီး ပုံဖော်ထားတာမို့ ပိုလှပါတယ်။


လက်သည်းရှည်ရင် အနီနဲ့အနက်ကို ဒီလိုလေးဆိုးပြီးတော့လည်း ပုံဖော်လို့ရပါသေးတယ်။


လက်သည်းအတို၊ အရှည် အကုန်လုံးပုံဖော်လို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။


လက်သည်းဒီဇိုင်းက အရမ်းဆန်းနေတာမျိုးမဟုတ်ပေမယ့် တစ်မျိုးလေး အမြင်ဆန်းပြီးလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။


လက်သည်းကို ဘယ်လို Shape မျိုးထားထား ပုံဖော်လို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။ အရမ်းလည်းလှပါတယ်။


လက်သည်းနီအမဲကို Matte ဆိုးပြီး နှင်းဆီပန်းပုံလေး ပုံဖော်ထားတာက ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။


ဒီလက်သည်းဒီဇိုင်းဆိုလည်း တစ်ချောင်းထဲ အပြည့်ပုံဖော်ထားတာ ထင်းပြီး အရမ်းလှပါတယ်။ Matte ဆိုးထားတာဖြစ်လို့ ပိုလှတာပါ။


ဒီလက်သည်းဒီဇိုင်းဆိုလည်း အနီနဲ့အနက်ကို စပ်ဆိုးပြီး ပုံဖော်ထားတာက အရမ်းလှပါတယ်။ ဒီဇိုင်းပုံစံတွေ ရှုပ်ယှက်ခတ်နေတာမျိုး မဟုတ်ပဲနဲ့ လှတာမျိုးပါ။


အနီနဲ့အနက်ဆိုရင် အနီကိုပိုကြိုက်တယ်ဆိုတဲ့သူတွေ ပုံဖော်သင့်တဲ့ လက်သည်းဒီဇိုင်းလေးဖြစ်ပါတယ်။ အနီရောင်ကို Matte ဆိုးထားတာမို့ ပိုပြီးအသားဆောင်ပါတယ်။


အနီရဲရဲတောက်တောက်လေး ကြိုက်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်နော်။


Photo source:www.pinterest.com


#အနီရောင်
#လက်သည်းနီ
#ဒီဇိုင်း
#လက်သည်း
#Mattetype

Some text some message..