ဘယ်အချိန်ကြည့်ကြည့်ဆွဲဆောင်မှုရှိပြီးလှနေစေမယ့် အနီရောင်ဖက်ရှင်များ
mystylemyanmar.com
|
2024-01-23

အနီရောင်ကြိုက်တဲ့ကောင်မလေးတွေအတွက် ဘယ်အချိန်ကြည့်ကြည့် ဆွဲဆောင်မှုရှိပြီး လှနေစေမယ့် အနီရောင်ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။ အဝတ်အစားဝတ်တဲ့အခါ ဘယ်လိုတွဲဖက်ဝတ်ဆင်ရမလဲ စဉ်းစားနေစရာမလိုအောင်လည်း ဒီဖက်ရှင်အိုင်ဒီယာလေးတွေက အသုံးဝင်ပါလိမ့်မယ်။

အနီရောင်ကြိုးတစ်လုံးအင်္ကျီလေးတွေဆိုရင် ဂျင်းစကပ်အဖြူလေးတွေနဲ့ ဒီလိုလေးတွဲဝတ်လိုက်ရင် ချစ်ဖို့ကောင်းပါတယ်။


ဂါဝန်အတိုအနီရောင်လေးတွေဆိုရင် အဖြူရောင်အသုံးအဆောင်တွေနဲ့ တွဲဖက်ဝတ်ဆင်ပါ။ ထင်းပြီး လှနေပါလိမ့်မယ်။


အနီရောင်ကို ဂျင်းနဲ့တွဲဝတ်မယ်ဆိုရင် ဂျင်းအဖြူနဲ့တွဲဝတ်တာက ပိုလိုက်ဖက်ပါတယ်။ ဘယ်လိုတွဲဝတ်ရမလဲမသိရင် ဒီဖက်ရှင်လေးတွေအတိုင်း ဝတ်ကြည့်နော်။



အနီရောင်ဘောင်းဘီဆိုရင်ဆိုရင် အဖြူ (သို့) အဖြူဘက်သွားတဲ့ အရောင်လေးတွေနဲ့ တွဲဝတ်ပါ။ ပိုထင်ပေါ်ပြီး အရမ်းလည်းလိုက်ဖက်မှာပါ။


အနီရောင်ဆွယ်တာလေးတွေဆိုရင် ဘောင်းဘီအရှည်အဖြူ (သို့) စကပ်အဖြူလေးတွေနဲ့ တွဲဝတ်ပါ။ ပိုချစ်ဖို့ကောင်းပါတယ်။


Style pant ဘောင်းဘီအနီတွေ ဝတ်မယ်ဆိုရင် ဒီလို ရင်ပြတ် Top အဖြူလေးတွေနဲ့ တွဲဝတ်ပြီး ဒေါက်ဖိနပ်စီးတာမျိုးက အရမ်းမိုက်ပါတယ်။ ဆွဲဆောင်မှုရှိပြီး စတိုင်လ်ကျစေပါတယ်။


အနီရောင် Style pant ကို အနက်ရောင်နဲ့တွဲဝတ်တာမျိုးကလည်း ဆွဲဆောင်မှုရှိပြီးမိုက်တဲ့ ဖက်ရှင် Look မျိုး ရစေပါတယ်။


ဒီဖက်ရှင်လေးဆိုရင် ဆွဲဆောင်မှုရှိပြီးလှတဲ့ ဖက်ရှင်မျိုးပါပဲ။ အသက် ၃၀ ကျော်တွေအထိ ဝတ်လို့ကောင်းတဲ့ ဖက်ရှင်လေးတွေပါ။


Body fit dress အနီရောင်ဝတ်မယ်ဆိုရင်တော့ ပွဲတက်တွေမှာ ဝတ်ရင် ထင်းပြီး ဆွဲဆောင်မှုရှိနေမှာပါ။ လူအများကြားမှာ ပိုထင်ပေါ်ပြီး လှချင်ရင်တော့ ဖိနပ်တွေ၊ အိတ်တွေကအစ အနီရောင်ကို ရွေးချယ်လိုက်ပါ။


အနီရောင်ကြိုက်တဲ့ ကောင်မလေးတွေ ရွေးချယ်သင့်တဲ့ နောက်ထပ် အနီရောင်ဖက်ရှင်လေးပါ။ လူငယ်ဆန်ပြီး ဆွဲဆောင်မှုရှိစေပါတယ်။


ဒီဖက်ရှင်လေးဆိုရင် အနီဝမ်းဆက် ဝတ်ထားတဲ့အတွက် အသုံးအဆောင်တွေကို အနက်ရောင် ရွေးချယ်လိုက်ရင် ဆွဲဆောင်မှုရှိပြီး မိုက်နေမှာ သေချာပါတယ်။


Photo source:www.pinterest.com


#ဖက်ရှင်
#အနီရောင်
#စကပ်
#ဆွဲဆောင်မှု
#ဘောင်းဘီ

Some text some message..