အရယ်အပြုံးနည်းတဲ့သူတွေအတွက် ဓာတ်ပုံရိုက်တဲ့အခါ ပို့စ်ပေးနည်းများ
mystylemyanmar.com
|
2024-01-28

အရယ်အပြုံးနည်းတဲ့ ကောင်မလေးတွေအတွက် ဓာတ်ပုံရိုက်တဲ့အခါမှာ မရယ်မပြုံးပဲနဲ့လည်း လှနေစေမယ့် ပို့စ်ပေးနည်းအိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါမှာ တကူးတက ပို့စ်တွေစဉ်းစားနေစရာမလိုအောင် ဒီပို့စ်အိုင်ဒီယာလေးတွေက အသုံးဝင်ပါလိမ့်မယ်။

လက်ထဲအအေးခွက်လေးကိုင်ထားရင် ဒီလိုလေးပို့စ်ပေးလို့ရပါတယ်။ မရယ်ချင်မပြုံးချင်တဲ့အခါ တခြားဘက်ကို ဒီတိုင်းလေးပဲ ကြည့်နေလိုက်ပါ။


ကားပါကင်မှာရိုက်တဲ့အခါ အသုံးဝင်မယ့် ပို့စ်လေးပါ။ အရယ်အပြုံးမရှိလည်း လှတဲ့ပုံလေးပါ။


Cute Type ပို့စ်ပေးတဲ့အခါ ရယ်နေပြုံးနေမှ ချစ်ဖို့ကောင်းတာမဟုတ်ပါဘူး။ ဒီလိုလေး မျက်နှာထားတည်တည်နဲ့ ပို့စ်ပေးလည်း တစ်မျိုးလေး ချစ်ဖို့ကောင်းတာပါပဲ။


အရယ်အပြုံးနည်းတဲ့သူတွေက ဓာတ်ပုံရိုက်ရင် ကင်မရာကို သိပ်မကြည့်ကြတာများပါတယ်။ ဒီပို့စ်လေးဆိုရင် အရမ်းလှပါတယ်။


ချစ်ဖို့ကောင်းတဲ့ Cute Type လေးပေမယ့် ပြုံးရယ်နေစရာမလိုတဲ့ ပို့စ်ပေးနည်းလေးပါ။


အလွင့်ပုံစံ၊ အဆွေးပုံစံလေးတွေ ရိုက်ချင်တဲ့အခါမှာဆိုရင် ဒီပို့စ်လေးအတိုင်း ပို့စ်ပေးကြည့်လိုက်နော်။


ဒီပို့စ်လေးကျတော့ အရယ်အပြုံးနည်းပြီး ပို့စ်လည်းသိပ်မပေးတတ်တဲ့သူတွေအတွက် အလွယ်ကူဆုံး ပို့စ်ပေးနည်းလေးပါ။


ရယ်ပြုံးနေစရာမလိုပဲ ချစ်ဖို့ကောင်းစေမယ့် နောက်ထပ်ပို့စ်ပေးနည်းလေးပါ။


နောက်ကျောပုံလေးတွေကိုလည်း ဒီလိုမျိုး မျက်နှာထားတည်တည်နဲ့ ပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ လှတာပါပဲ။


ထိုင်ပြီးရိုက်တဲ့အခါ မပြုံးမရယ်ပဲ ဒီလိုလေးထိုင်ပြီး ပို့စ်ပေးရိုက်လို့လည်း ရပါတယ်။ လှပတဲ့ပုံကောင်းလေး ရရှိစေမှာပါ။



#အပြုံး
#ကင်မရာ
#မျက်နှာ
#ပို့စ်ပေးနည်း
#ဓာတ်ပုံ

Some text some message..