မျက်နှာဝိုင်းတဲ့သူတွေနဲ့ လိုက်ဖက်တဲ့ Hair Style များ
mystylemyanmar.com
|
2024-02-20

Hair Style ပြောင်းဖို့ စဥ်းစားနေတာလား ? ဆံပင်ညှပ်တဲ့အခါ အရေးကြီးတာက ကိုယ့်မျက်နှာနဲ့ လိုက်ဖက်တဲ့ စတိုင်လ်တစ်ခုရဖို့ပါ။ သင်က မျက်နှာဝိုင်းနေတယ်ဆိုရင် ဆံပင်ပုံစံကို ရွေးချယ်တဲ့အခါ နဖူး သို့မဟုတ် မေးရိုးကို ထည့်တွက်ဖို့လိုပါတယ်။ အဲဒါကို ကူညီပေးနိုင်တဲ့ ဆံပင်ပုံစံတွေ ရှိပါတယ်။ဒါကတော့ ဝိုင်းတဲ့မျက်နှာတွေအတွက် အကောင်းဆုံး ဆံပင်ပုံစံတွေပါ။

ဆံပင်အကုန်စုပြီး ခပ်မြင့်မြင့်လေးထုံးထားတဲ့ High Bun က အရပ်မြင့်တယ်လို့ထင်ရစေပြီး မျက်နှာကိုလည်း ပိုပြီးသွယ်တယ်လို့ ထင်ရစေပါတယ်။


ဒီလိုမျိုး Bob ဆံပင်ပုံစံတွေက ဝိုင်းတဲ့မျက်နှာကို တကယ်ကို ထောင့်ကျကျပုံစံလို့ထင်ရအောင် ပေးစွမ်းနိုင်ပါတယ်။


ဒီလိုမျိုး layered Cut ညှပ်တာကလည်း ဝိုင်းတဲ့မျက်နှာကို ရှည်တယ်လို့ ထင်ရစေပါတယ်။


ဆံပင်ထူတဲ့သူဆိုရင် ရှုပ်ပွနေတာမျိုးမဟုတ်ဘဲ ဒီလိုမျိုးလေး ညှပ်ကြည့်ပါ။


အလည်ခွဲကြောင်းနဲ့ Beach Wave ပုံစံကောက်ထားတာကလည်း မျက်နှာရဲ့အကျယ်ကို သတိမထားမိစေတာမလို့ စမ်းကြည့်သင့်ပါတယ်။


Bob ကိုမှ ဒီလို ဘေးခွဲပြီး လှိုင်းလေးနဲ့ဆို မျက်နှာရဲ့ အချိုးအစားကို သေချာပေါက် ပြောင်းလဲစေပါတယ်။


Soft Wave ပုံစံလေးကလည်း မျက်နှာဝိုင်းတဲ့သူတွေနဲ့ လိုက်ဖက်တဲ့ ပုံစံလေးပါပဲ။


Bang ထားရတာကြိုက်ရင်လည်း ဒီလိုလေးညှပ်ကြည့်ပါ။ ပိုပြီး နုတယ်လို့ ထင်ရစေပါတယ်။



#အရပ်
#မျက်နှာ
#Style
#ဆံပင်
#HighBun

Some text some message..