Buzz Cutကတုံးလို့ခေါ်နိုင်တဲ့ ကေဟာလည်း အမျိုးသားအများစုသဘောကျတတ်ကြတဲ့ ဆံပင်ကေဖြစ်ပါတယ်။ အထူးသဖြင့် ဒီ Haricut ဟာယောကျာ်းဆန်တဲ့အငွေ့အသက်ကိုပေးစွမ်းပြီးတော့ သန်မာတဲ့ပုံပန်းသွင်ပြင်ကိုဖြစ်စေပါတယ်။
Loose Undercutသိသာတဲ့ပုံစံမဟုတ်ပေမဲ့ ဒီဆံပင်ကေကလည်း အမျိုးသားတွေကြားမှာနာမည်ကြီးပါတယ်။ ပုံစံသွင်းပေးဖို့လိုအပ်တဲ့ကေဖြစ်ပေမဲ့ မေးရိုးနှင့် လည်ပင်းကိုပိုပြီးမိမိုက်သွားစေတဲ့ပုံစံဖြစ်ပါတယ်။
Drop Fadeသက်လတ်ပိုင်းအမျိုးသားအများစု ညှပ်တတ်ကြတဲ့ဆံပင်ကေဖြစ်ပါတယ်။ ဒီပုံစံဟာအောက်ဖက်တွေကို ရိတ်ပြီးတော့ အလည်ပိုင်းကိုပဲချန်ထားတာကြောင့် Buzz ကေလိုကတုံးမဟုတ်ဘဲကြည့်လိုအဆင်ပြေတဲ့ဒီဇိုင်းဖြစ်ပါတယ်။
Medium Length Hairstylesဆံပင်တိုတာမကြိုက်တဲ့ အမျိုးသားတွေရွေးချယ်သင့်တဲ့ ဆံပင်ကေဖြစ်ပါတယ်။ အလည်အလတ်လောက်ကိုမှ တိုကပ်နေတာမျိုးမဟုတ်တာကြောင့် အဆင်ပြေတဲ့ပုံစံတစ်ခုပါ။
Short Sides Long Top Men’s Haircutsဒီလိုဆံပင်ကေကတော့ သေချာပုံသွင်းမှလှမယ်ဆိုပေမဲ့ မျက်နှာအချိုးအစားတိုင်းနှင့်လိုက်ဖက်ပြီးတော့ နဖူးကိုပိုပေါ်စေတာကြောင့် ရွေးချယ်သင့်တဲ့ တစ်ခုဖြစ်ပါတယ်။
Messy Matte Men’s Haircutအပေါ်က Haircut နှင့်ဆင်တူသလိုဖြစ်ပေမဲ့ ဒီကေဟာ အလယ်ကြောင်းကဆံပင်တွေကို လှိုင်းတွန့်လိုမျိုးအတွန့်လေးတွေဖန်တီးထားတဲ့ကေဖြစ်ပါတယ်။ ဒီလိုအတွန့်လေးတွေပါဝင်တာကြောင့် ဆံပင်ပါးတဲ့အမျိုးသားတွေအတွက် အဆင်ပြမယ့်ကေဖြစ်ပါတယ်။