
အရောင်ဆိုးထားတဲ့ ဆံပင်တွေအလွယ်တကူအရောင်မကျသွားစေဖို့အတွက် နည်းလမ်းတွေလိုအပ်ပါတယ်။ အထူးသဖြင့် တောက်ပတဲ့အရောင်တွေဟာအလွယ်တကူအရောင်ကျွတ်တတ်ကြတာကြောင့် သေချာထိန်းသိမ်းထားဖို့လိုအပ်ပါတယ်။

ခေါင်းလျှော်ရည်ရွေးချယ်တဲ့အချိန် အရောင်ဆိုးထားတဲ့ဆံပင်တွေအတွက် သီးသန့်ထုတ်ပေးထားတဲ့ခေါင်းလျှော်ရည်ကိုအသုံးပြုပါ။ ခေါင်းလျှော်ပြီးတိုင်း Hair Mask ကိုပုံမှန်အသုံးပြုပြီးတော့ ဆံသားကျန်းမာရေးကိုဂရုစိုက်သင့်ပါတယ်။ အထူးသဖြင့် အရောင်တောက်တာဆိုးထားတဲ့သူတွေအတွက် ဆံသားကျန်းမာရေးကောင်းမှပဲ အရောင်ထွက်လှမှာကြောင့် ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။

နေရောင်ခြည်က ဆံသားအရောင်ကိုလွင့်စေတာ အရောင်မှိန်စေတာကြောင့်နေရောင်ကို အတတ်နိုင်ဆုံးရှောင်ကြဥ်သင့်ပါတယ်။ မကြာခဏခေါင်းလျှော်တာ အပူတွေသုံးပြီးဆံသားဖြောင့်တာ ကောက်တာတွေကိုလည်း ရှောင်ပေးသင့်ပါတယ်။ ဒါ့အပြင် ကျွမ်းကျင်တဲ့သူနှင့် ဆံပင်အရောင်ကိုပုံမှန်စစ်ဆေးပြီးအရောင်တင်တာမျိုးလုပ်မှအဆင်ပြေမှာဖြစ်ပါတယ်။