အဆီပြန်တဲ့ Oily Skin တွေအတွက် အသင့်တော်ဆုံး Moisturizer 5 မျိုး
mystylemyanmar.com
|
2024-03-01

အဆီပြန်တဲ့ Oily Skin တွေအတွက် အသင့်တော်ဆုံးဖြစ်ပြီး Dermatologists တွေကိုယ်တိုင်လည်း ညွှန်းထားတဲ့ Moisturizer 5 မျိုးကို မျှဝေပေးလိုက်ပါတယ်။ Skincare Step တွေထဲမှာ Moisturizer က မဖြစ်မနေလိုအပ်တာကြောင့် သုံးတဲ့အခါမှာလည်း ကိုယ့်အသားအရေအတွက် ကိုက်ညီတာမျိုးကိုပဲ ရွေးသုံးသင့်ပါတယ်။

Charlotte Tilbury Magic Cream Light


အဆီပြန်ခြင်းကိုထိန်းပေးပြီး အသားအရေကို Hydration သေချာပေးနိုင်ပါတယ်။ Skin Barrier ပိုကောင်းလာစေပြီး အသားအရေစိုပြည် ကြည်လင်လာစေပါတယ်။

Belif True Cream Aqua Bomb


Gel-based Formula ဖြစ်ပြီး လိမ်းရတာ Lightweight ဖြစ်စေပါတယ်။ ဒါ့အပြင် Oil-free လည်းဖြစ်တာကြောင့် အဆီပြန်တဲ့သူတွေအတွက် အသင့်တော်ဆုံးပါပဲ။ လိမ်းလိုက်ရင် အေးအေးလေးနဲ့ Fresh ဖြစ်ပြီး အသားအရေကိုလည်း Hydration သေချာပေးနိုင်တာကြောင့် နွေရာသီအတွက်ဆိုလည်း အရမ်းအဆင်ပြေတယ်နော်။

Farmacy Daily Greens Oil-Free Gel Moisturizer with Moringa and Papaya


ဒါကလည်း Oil-free Gel Moisturizer ဖြစ်လို့ အဆီပြန်တဲ့သူတွေနဲ့ အရမ်းသင့်တော်ပါတယ်။ စေးကပ်တာ၊ အဆီကျန်တာမျိုး မဖြစ်စေပဲ အသားထဲစိမ့်ဝင်တာလည်း မြန်ပါတယ်။ ရေဓာတ်ပြည့်ဝပြီး အသားအရေချောမွေ့စေပါတယ်။

Clinique Dramatically Different Hydrating Jelly


Clinique Dramatically Different Hydrating Jelly ကတော့ Oily Skin တွေအတွက် လူကြိုက်အရမ်းများပါတယ်။ လိမ်းရတာ ပေါ့ပါးမှုရှိပြီး အသားထဲစိမ့်ဝင်တာလည်း မြန်သလို အသားအရေကိုလည်း Hydartion လုံလောက်စွာ ပေးနိုင်ပါတယ်။ ရေဓာတ်ပြည့်ဝပြီး အသားအရေကြည်လင်စေတယ်၊ Skin Barrier ပိုကောင်းလာစေပါတယ်။

TonyMoly The Chok Chok Green Tea Watery Cream


Cream ဆိုပေမယ့် Watery Type ဖြစ်လို့ Oily Skin တွေအတွက် သင့်တော်ပါတယ်။ အသားအရေကို Hydartion သေချာပေးပြီး Antibacterial နဲ့ Antifungal လည်းဖြစ်စေပါတယ်။ လိမ်းထားရင် အသားအရေချောမွေ့ပြီး စေးကပ်တာမျိုးလည်း လုံးဝမဖြစ်ပါဘူး။


#အသားအရေ
#ရေဓာတ်
#OilySkin
#Hydration
#Cream

Some text some message..