Square Shape လက်သည်းအရှည်တွေအတွက် လှပတဲ့ လက်သည်းဒီဇိုင်း ၁၀ မျိုး
mystylemyanmar.com
|
2024-03-17

လက်သည်းအရှည်ကိုမှ လေးထောင့်ကျကျ square shape ထားတဲ့သူတွေ ပုံဖော်ဖို့အတွက် လှပတဲ့လက်သည်းဒီဇိုင်း ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ဘိုဆန်ပြီး လှပါတယ်။ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားစေပါဘူး။


Disco gel ဆိုးတဲ့အခါမှာ ပုံဖော်ဖို့အတွက် လက်သည်းဒီဇိုင်းလေးပါ။ မြင်နေကျဒီဇိုင်းတွေနဲ့မတူပဲ ဆန်းပြီးလှပါတယ်။


အမဲရောင်ကြိုက်တဲ့သူတွေအတွက် လက်သည်းဒီဇိုင်းလေးပါ။ ဒီလက်သည်းဒီဇိုင်းက matte type လက်သည်းနီတွေနဲ့ဆို ပိုလှပါတယ်။


Disco gel ဆိုးတဲ့အခါမှာ ပုံဖော်ဖို့အတွက် နောက်ထပ်လှပတဲ့ လက်သည်းဒီဇိုင်းလေးပါ။ လူငယ်ဆန်တဲ့ဒီဇိုင်းဖြစ်လို့ လူငယ်ကောင်မလေးတွေ သဘောကျမှာပါ။


Matte type ဆိုးထားတာဖြစ်ပြီး လက်သည်းနီအရောင်က တောက်တောက်လေးနဲ့ ပုံဖော်ထားတဲ့ဒီဇိုင်းနဲ့က ထင်းပြီးအရမ်းလှပါတယ်။


Halloween ဒီဇိုင်းပုံဖော်မယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်နော်။ လေးထောင့်လက်သည်းလေးတွေနဲ့ အရမ်းလိုက်ပါတယ်။


Square shape လက်သည်းအရှည်လေးတွေမှ ပုံဖော်လို့ရတဲ့ ဒီဇိုင်းလေးပါ။ Disco gel ဆိုးရင် ဒီလိုလေးလည်း ပုံဖော်လို့ရပါသေးတယ်။


လက်သည်းနီအရောင်နုနုဖတ်ဖတ်လေးဆိုးပြီး အသည်းပုံကို ရောင်စုံပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။


ပန်းရောင်ကြိုက်တဲ့ လူငယ်ကောင်မလေးတွေ ပုံဖော်ဖို့အတွက် ချစ်ဖို့ကောင်းပြီး လှလည်းလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။


Halloween ဒီဇိုင်းပုံဖော်ချင်တဲ့သူတွေအတွက် နောက်ထပ်လှပတဲ့ ဒီဇိုင်းလေးပါ။ ဒီ Halloween ဒီဇိုင်းက square shape လက်သည်းအရှည်တွေမှာ ပုံဖော်ရင် ပိုလှပါတယ်။



#လက်သည်းနီ
#လက်သည်းဒီဇိုင်း
#လေးထောင့်
#ဒီဇိုင်း
#လက်သည်း

Some text some message..