ရုံးတက်နေရတဲ့သူတွေအတွက် နွေရာသီမှာဝတ်ဖို့ Office Wear Fashion များ
mystylemyanmar.com
|
2024-03-21

ရုံးတက်နေရတဲ့သူတွေလည်း နွေရာသီမှာဆိုရင် ဝတ်ရတာ သက်တောင့်သက်သာဖြစ်ပြီး ပူအိုက်တာသက်သာစေမယ့် Fashion တွေကိုပဲ ရွေးဝတ်သင့်ပါတယ်။ အဝတ်အစားက သက်တောင့်သက်သာမဖြစ်ရင် အလုပ်လုပ်ရတာလည်း စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ရုံးတက်နေရတဲ့သူတွေအတွက် နွေရာသီမှာဝတ်ဖို့ Office Wear Fashion တချို့ကို မျှဝေပေးလိုက်ပါတယ်။

ဒီလို Skirt လေးတွေက ရုံးတက်နေရတဲ့သူတွေဝတ်ဖို့ အရမ်းအဆင်ပြေပါတယ်။ နွေရာသီမှာဆိုရင်တော့ ပေါ့ပေါ့ပါးပါးဖြစ်အောင် T Shirt ဗြောင်လေးတွေနဲ့ ဒီလိုတွဲဝတ်ကြည့်နော်။ အရမ်းလည်းလှပါတယ်။


ရုံးတက်နေရတာဆိုတော့ အတိုဝတ်လို့အဆင်မပြေတဲ့အခါ ဘောင်းဘီအရှည်တွေက မရှိမဖြစ်ပေါ့။ နွေရာသီမှာဆိုရင်တော့ အင်္ကျီအဖြူလေးတွေနဲ့သာ တွဲဝတ်ပါ။ ပူအိုက်တာသက်သာပြီး လှလည်းလှပါတယ်။


ဒီ Fashion လေးဆိုရင် အရမ်းလှပါတယ်။ နွေရာသီအတွက်လည်း အဆင်ပြေသလို Office Wear အတွက်လည်း လိုက်ဖက်တဲ့ Fashion ဖြစ်ပါတယ်။


ဒါကတော့ ရုံးတက်နေရတဲ့သူတွေအတွက် ဘယ်တော့မှရိုးမသွားပဲ Smart ကျလှပနေစေမယ့် Fashion လေးပါ။


ဒီလိုအင်္ကျီအဖြူလေးတွေ၊ အရောင်နုတာလေးတွေကို Midi Skirt လေးတွေနဲ့ တွဲဝတ်တာလည်း Office Wear အတွက် လှပတဲ့ Fashion လေးပါပဲ။ နွေရာသီအတွက်ဆိုလည်း အဆင်အပြေဆုံးပဲနော်။


Office Wear Fashion အနေနဲ့ ဒီလိုလေးဝတ်တာလည်း အဆင်ပြေပါတယ်။ သက်တောင့်သက်သာနဲ့ ပေါ့ပါးလွတ်လပ်မှုရှိစေမှာပါ။


ဘောင်းဘီအရှည်ကြီးမဟုတ်ပဲ ဒီလိုခြေမျက်စိအထက် ဘောင်းဘီလေးကိုလည်း အင်္ကျီအဖြူလေးတွေနဲ့ တွဲဝတ်တာ ရိုးရှင်းပြီးလှလို့ Office Wear Fashion အနေနဲ့ အရမ်းအဆင်ပြေပါတယ်။


ဒီ Fashion လေးဆိုလည်း ဝတ်ရတာအရမ်းပေါ့ပါးပြီး ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။ ရုံးတက်နေရတဲ့သူတွေအတွက် အရမ်းအဆင်ပြေတဲ့ Fashion လေးပါပဲ။


ချည်သားဂါဝန်ကိုမှ ဒူးဖုံးလေးတွေက Office Wear Fashion အနေနဲ့ ဝတ်မယ်ဆိုရင် အရမ်းလှပါတယ်။ နွေရာသီမှာဆိုရင်လည်း ဝတ်ရတာ သက်တောင့်သက်သာနဲ့ လှပပြီး ပူအိုက်တာလည်း သက်သာစေမှာပါ။


Jean ဘောင်းဘီအရှည်လေးတွေကိုတော့ ဒီလိုချစ်ဖို့ကောင်းတဲ့ ချည်သားအင်္ကျီလေးတွေနဲ့ တွဲဝတ်နိုင်ပါတယ်။



#အဝတ်အစား
#နွေရာသီ
#Skirt
#ဘောင်းဘီ
#အင်္ကျီအဖြူ

Some text some message..