မိတ်ကပ်လိမ်းတဲ့သူတွေအတွက် နွေရာသီမှာ အိတ်ထဲအမြဲဆောင်ထားသင့်တဲ့ပစ္စည်း ၅ မျိုး
mystylemyanmar.com
|
2024-03-29

မိတ်ကပ်လိမ်းတဲ့သူတွေအတွက် နွေရာသီမှာ အိတ်ထဲအမြဲဆောင်ပြီး သွားလေရာထည့်သယ်သွားသင့်တဲ့ ပစ္စည်း ၅ မျိုးရှိပါတယ်။ ကိုယ်က မိတ်ကပ်အမြဲလိမ်းတဲ့သူ အမြဲတမ်းအလှပြင်တဲ့သူဆိုရင်တော့ ဆောင်ထားဖို့မမေ့နဲ့နော်။

Powder Pact


ချွေးထွက်လို့ပဲဖြစ်ဖြစ်၊ အဆီပြန်လို့ပဲဖြစ်ဖြစ် မိတ်ကပ်ကွက်တာမျိုး၊ ပျက်တာမျိုး မဖြစ်အောင်လို့ Powder Pact လေးထုတ်ပြီး လိမ်းသင့်ပါတယ်။ ဒါကြောင့် ဘယ်သွားသွား မမေ့မလျော့သယ်သွားသင့်တာတော့ Powder Pact ပါပဲ။

နှုတ်ခမ်းနီ


နွေရာသီမှာ ရာသီဥတုပူလို့ ပင်ပန်းနေရင်တောင်မှ မျက်နှာလေးလန်းပြီး လှနေစေဖို့အတွက် နှုတ်ခမ်းနီဆိုးပေးရမှာပါ။ ဒါ့အပြင် အိမ်မှာအလှမပြင်လာဖြစ်ရင်လည်း အပြင်ရောက်မှ နှုတ်ခမ်းနီဆိုးလိုက်တာမျိုး၊ နှုတ်ခမ်းနီနဲ့ Eyeshadow ခြယ်ပြီး ပါးနီခြယ်လိုက်တာမျိုးလည်း လုပ်လို့ရပါသေးတယ်။

Setting Spray


နွေရာသီမှာဆိုရင်တော့ Sweatproof ဖြစ်တဲ့ Setting Spray တွေဆောင်ထားသင့်ပါတယ်။ Setting Spray ဖြန်းပေးတာက မိတ်ကပ်သားကြာရှည်ခံပြီး မိတ်ကပ်သားလည်း ပိုလှစေပါတယ်။

Sunscreen or Sun Spray


နွေရာသီမှာဆိုရင် အပြင်သွားတဲ့အခါ 3 နာရီခြားတစ်ခါ၊ 4 နာရီခြားတစ်ခါလောက် Sunscreen or Sun Spray ပြန်သုံးပေးသင့်ပါတယ်။ Sunscreen တစ်ခါလိမ်းထားရုံနဲ့ တစ်နေကုန် နေရောင်ခြည်ဒဏ်ကို မကာကွယ်ပေးနိုင်ပါဘူး။ ဒါကြောင့် မဖြစ်မနေလုပ်ပေးရမယ့်အချက်ပါပဲ။

အဆီစုပ်စက္ကူ


အစထဲကအဆီပြန်တတ်တဲ့သူတွေဆို နွေရာသီမှာ ချွေးထွက်တာ၊ အဆီပြန်တာက ပိုဆိုးလာစေပါတယ်။ ဒါကြောင့် အဆီစုပ်စက္ကူလေးတွေ ဆောင်ထားသင့်ပါတယ်။ အပြင်သွားရင်းနဲ့ အလွယ်တကူ ထုတ်သုံးလို့ရတာပေါ့။


#နှုတ်ခမ်းနီ
#SettingSpray
#နွေရာသီ
#မိတ်ကပ်
#PowderPact

Some text some message..