အနီးကပ် Selfie ပုံတွေရိုက်တဲ့အခါမှာ အသုံးဝင်စေမယ့် ပို့စ်အိုင်ဒီယာများ
mystylemyanmar.com
|
2024-03-31

ဓာတ်ပုံရိုက်ပေမယ့်သူမရှိရင် တစ်ယောက်ထဲ selfie ပုံလှလှလေးတွေ ထိုင်ရိုက်နေလို့လည်း ရတာပါပဲ။ အပြင်မှာနေပူလို့ အပြင်လျှောက်မသွားချင်ရင်လည်း အိမ်မှာပဲအလှပြင်ပြီး တစ်ယောက်ထဲ ဓာတ်ပုံထိုင်ရိုက်နေ့လို့ရပါတယ်။ အဓိကက လှလှပပလေး ပို့စ်ပေးတတ်ဖို့ပဲ လိုတာပါ။ ဒါကြောင့် ဒီတစ်ခါမှာတော့ အနီးကပ် selfie ပုံတွေရိုက်တဲ့အခါမှာ အသုံးဝင်စေမယ့် ပို့စ်အိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။

မိန်းကလေးဆန်ဆန် cute type လေးတွေ ပြင်ထားတဲ့အခါမှာတော့ ဒီပို့စ်လေးအတိုင်း selfie ရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းနေပါလိမ့်မယ်။


ပို့စ်သိပ်မပေးတတ်တဲ့သူတွေက ဒီလိုပါးကိုင်နေတဲ့ပုံစံလေး ရိုက်ကြည့်ပါ။ မိတ်ကပ်ကို သေချာပြင်ပြီးရိုက်ရင် ပိုလှပါတယ်။


ဒီပို့စ်လေးဆိုရင် ဆွဲဆောင်မှုရှိတဲ့ look လေးရစေပါတယ်။ အိမ်မှာပဲထိုင်ရိုက်လို့ရတာကြောင့် try ကြည့်နော်။


မိတ်ကပ်လှလှလေးပြင်ထားတဲ့အခါမှာတော့ ဒီပို့စ်လေးတွေအတိုင်း ရိုက်ကြည့်ပါ။ လက်သည်းပုံဖော်ထားတဲ့သူတွေဆိုရင် လက်သည်းအလှလည်း ပြလို့ရပါသေးတယ်။



ကော်ဖီဘူး၊ အအေးဘူး၊ bubble tea ဘူးလေးတွေကိုင်ပြီးရိုက်တဲ့အခါ အသုံးဝင်စေမယ့် selfie ပို့စ်ပေးနည်းလေးပဲ ဖြစ်ပါတယ်။


ဒီပို့စ်လေးဆိုလည်း မိတ်ကပ်သာသေချာပြင်ပြီးရိုက်ရင် ဆွဲဆောင်မှုရှိပြီးလှတဲ့ ပုံကောင်းလေးထွက်လာမှာပါ။


မေးထောက်ပြီး တခြားကိုကြည့်နေတဲ့ပုံစံလေးကိုလည်း ကိုယ့်ဘာသာကိုယ် selfie ရိုက်လို့ရတယ်နော်။


ပန်းလေးတွေကိုင်ပြီး selfie ရိုက်မယ်ဆိုရင် အသုံးဝင်စေမယ့် ပို့စ်အိုင်ဒီယာလေးတွေပါ။ အရမ်းလှတဲ့ပို့စ်လေးတွေဖြစ်လို့ ပန်းရှိရုံနဲ့ ရိုက်နိုင်ပါပြီ။




Selfie ရိုက်တဲ့အခါမှာ အရမ်း trends ဖြစ်နေတဲ့ ပို့စ်ပေးနည်းလေးပါ။


မိတ်ကပ်လှလှလေးတွေပြင်ထားတဲ့အခါမှာ selfie ရိုက်ဖြစ်ရင် အသုံးဝင်စေမယ့် နောက်ထပ် လှပတဲ့ပို့စ်ပေးနည်းလေးပါပဲ။



#ပို့စ်ပေးနည်း
#မိန်းကလေး
#ဆွဲဆောင်မှု
#ပို့စ်အိုင်ဒီယာ
#လက်သည်း

Some text some message..