SPF ပါတဲ့ Lip Balm ကို သုံးပေးသင့်တဲ့ အကြောင်းအရင်း ( ၄ ) ချက်
mystylemyanmar.com
|
2024-04-03

ဈေးကွက်ထဲမှာရှိတဲ့ Lip Balm တိုင်းက နှုတ်ခမ်းသားရဲ့ကျန်းမာရေးကို ထိန်းသိမ်းပေးတာမှန်ပေမယ့် SPF ပါတဲ့ Lip Balm ကိုသုံးတာကတော့ တခြား Lip Balm တွေထက် ပိုပြီးအကျိုးများပါတယ်။ SPF ပါတဲ့ Lip Balm တွေရဲ့ အရေးပါတဲ့ အကျိုးကျေးဇူးတွေကတော့-

SPF ပါတဲ့ Lip Balm တွေမှာ UV Rays တွေကို ကာကွယ်ပေးတဲ့ UV Filter တွေ ပါတာမလို့ ခရမ်းလွန်ရောင်ခြည်ကြောင့် နှုတ်ခမ်းသားနေလောင်တာကို ကာကွယ်ပေးနိုင်ပါတယ်။


Shea Butter, Coconut Oil နဲ့ Vitamin E တို့လို အစိုဓာတ်များတဲ့ ပါဝင်ပစ္စည်းတွေကြောင့် အစိုဓာတ်ထိန်းပေးနိုင်ပြီး နှုတ်ခမ်းကို နူးညံ့ချောမွေ့စေပါတယ်။


နေလောင်ဒဏ်က ကော်လာဂျင်ထုတ်လုပ်မှုကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် SPF ပါတဲ့ Lip Balm ကိုသုံးတဲ့အခါ ကော်လာဂျင်ထုတ်လုပ်မှုကို အားကောင်းစေပြီး နှုတ်ခမ်းသားကို ကျန်းမာစေပါတယ်။


SPF ပါတဲ့ Lip Balm တွေကိုသုံးပေးရင် နေရောင်ခြည်နဲ့ဆိုင်တဲ့ အရေပြားဆိုင်ရာန္တရာယ်တွေကို လျှော့ချနိုင်ပြီး နှုတ်ခမ်းတစ်ခုလုံးရဲ့ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။



#ကျန်းမာရေး
#အကျိုးကျေးဇူး
#နေရောင်ခြည်
#အစိုဓာတ်
#ပစ္စည်း

Some text some message..