ဆားဝက်ခြံရှိသူများသုံးသင့်တဲ့ အကောင်းဆုံး Blackhead Mask များ
mystylemyanmar.com
|
2024-04-09

ဆားဝက်ခြံတွေအရမ်းများနေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ဆားဝက်ခြံ သက်သာပျောက်ကင်းသွားစေမယ့် အကောင်းဆုံး blackhead mask တွေကို မျှဝေပေးလိုက်ပါတယ်။ အရေပြားဆရာဝန်တွေကိုယ်တိုင် ညွှန်းထားတဲ့ blackhead mask တွေဖြစ်လို့ စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်။

GLAMGLOW SUPERMUD Clearing Treatment Mask


Exfoliating အမျိုးအစားဖြစ်ပြီး ချွေးပေါက်တွေကို သန့်စင်ပေးပါတယ်။ ဆားဝက်ခြံတွေကိုလည်း ဖယ်ရှားပေးပြီး မလိုအပ်တဲ့အဆီတွေကိုလည်း ဖယ်ရှားပေးပါတယ်။ သုံးပြီးသွားရင် ဆားဝက်ခြံတွေသန့်စင်ပြီး အသားအရေလေး ချောမွေ့သွားစေပါတယ်။ အဓိကပါဝင်တဲ့ key ingredients တွေကတော့ kaolin, charcoal, lactic acid, salicylic acid တို့ပဲဖြစ်ပါတယ်။

Bioré Warming Clay Charcoal Mask


Budget-friendly ဖြစ်တဲ့ထဲက ကောင်းကောင်းလေးသုံးချင်တဲ့သူတွေအတွက် ဖြစ်ပါတယ်။ သူကတစ်မိနစ်ပဲထားရတာဆိုတော့ အရမ်းအဆင်ပြေတယ်နော်။ ဆားဝက်ခြံတွေကို ယူပစ်လိုက်သလို ဖယ်ရှားပေးပြီး အသားအရေခြောက်သွေ့သွားတာမျိုးလည်း မဖြစ်စေပါဘူး။ အဓိကပါဝင်တဲ့ key Ingredients တွေကတော့ kaolin နဲ့ charcoal ပဲ ဖြစ်ပါတယ်။

Aztec Secret Indian Healing Clay


Budget-friendly ဖြစ်တဲ့ နောက်ထပ် mask ပါ။ သူလည်း လူကြိုက်များပြီး နာမည်ကြီးပါတယ်။ Bentonite clay ဆိုတဲ့ ပါဝင်ပစ္စည်းတစ်ခုထဲ ပါဝင်တာပါ။ ဒါပေမယ့် ဆားဝက်ခြံတွေနဲ့ မျက်နှာပေါ်က မလိုအပ်တဲ့အဆီတွေကို သေချာဖယ်ရှားပေးပါတယ်။

innisfree Volcanic AHA Pore Clearing Clay Mask


အသားအရေကို exfoliate သေချာလုပ်ပေးပြီး အဆီတွေကိုစုပ်ယူပေးနိုင်တယ်၊ ဆားဝက်ခြံတွေလည်း သက်သာစေပါတယ်။ ဟိုးအရင်ထဲက အခုအချိန်ထိ လူကြိုက်များနေဆဲဖြစ်ပါတယ်။ ချွေးပေါက်တွေကို သန့်စင်ပေးပြီး skin barrier ပိုကောင်းလာစေပါတယ်။ အဓိကပါဝင်တဲ့ key Ingredients တွေကတော့ volcanic lava နဲ့ lactic acid တို့ပဲဖြစ်ပါတယ်။

buttah Charcoal Detox Mask


ချွေးပေါက်တွေကိုသန့်စင်ပေးပြီး ဆားဝက်ခြံတွေကိုလည်း ဖယ်ရှားပေးမယ့် detox mask ဖြစ်ပါတယ်။ သုံးပြီးရင် skin က နူးညံ့ချောမွေ့ပြီး hydrated ရစေပါတယ်။ ဆားဝက်ခြံရှိပြီး အသားလည်းခြောက်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ အဓိကပါဝင်တဲ့ key Ingredients တွေကတော့ charcoal, bentonite and kaolin clays, argan oil, shea butter, sodium hyaluronate တို့ပဲဖြစ်ပါတယ်။


#အသားအရေ
#ဆားဝက်ခြံ
#Ingredient
#mask
#Exfoliate

Some text some message..