ဗိုက်အဆီအဓိကကျချင်တဲ့သူတွေလုပ်သင့်တဲ့ လွယ်ကူသော Exercise 5 မျိုး
mystylemyanmar.com
|
2024-04-09

တစ်ခြားနေရာထက် ဗိုက်အဆီပဲအဓိကကျချင်တဲ့သူတွေ၊ Body က မဝပေမယ့် ဗိုက်မှာအဆီတွေရှိနေလို့ ဗိုက်ပူနေတဲ့သူတွေ၊ ဗိုက်ခေါက်ထွက်နေတဲ့သူတွေ လုပ်သင့်တဲ့ လွယ်ကူသော Exercise 5 မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဒီ Exercise တွေက အိမ်မှာ အေးဆေးလုပ်လို့ရတဲ့ Exercise တွေဖြစ်လို့ တစ်ပတ်မှာ 4 ရက် 5 ရက်လောက် အချိန်ပေးပြီး သေချာလုပ်ကြည့်မယ်ဆိုရင် လအနည်းငယ်အတွင်းမှာပဲ ပြောင်းလဲသွားတဲ့ Result ကို မြင်တွေ့ရမှာပါ။

Bicycle Exercise


ဘယ်ခြေထောက်ကိုဆန့်ထားပြီး ညာခြေထောက်ကို ဒူးကွေးပါ။ ညာဘက်လှည့်ပါ။ ပြီးရင် ညာခြေထောက်ကိုဆန့်ထားပြီး ဘယ်ခြေထောက်ကို ဒူးကွေးပါ။ ဘယ်ဘက်လှည့်ပါ။ လက်အနေအထားကိုလည်း ပုံမှာလုပ်ပြထားတဲ့အတိုင်း သေချာလေးလုပ်ပေးပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အနည်းဆုံး 15 ကြိမ်စီ လုပ်ပေးရပါမယ်။

Lunges with Front Kicks Exercise


ဒီ Exercise ကတော့ ဒူးကွေးပြီး ခြေထောက်တစ်ဖက်ကို အနောက်ပို့ပါ။ ပြီးရင် မတ်တပ်ရပ်ပြီး အဲ့ဒီအနောက်ပို့ထားတဲ့ ခြေထောက်ကို အရှေ့ကိုကန်ထုတ်လိုက်သလိုမျိုး ဆန့်ပေးပါ။ အဲ့အတိုင်း ပုံမှာလုပ်ပြထားသလို ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ပေးပါ။ တစ်ဖက်ကို 15 ကြိမ်စီ လုပ်ပေးရပါမယ်။

Mountain Climbers Exercise


လက်ဖဝါးနှစ်ဖက်နဲ့ထောက်ထားပြီး ခြေထောက်နှစ်ဖက်လုံးကို အနောက်ဆန့်ထုတ်ထားပါ။ ပြီးရင် ဘယ်ခြေထောက်ကို ရင်ဘတ်နားအထိရောက်အောင်ကွေးလိုက်၊ ပြန်ဆန့်လိုက်၊ ညာခြေထောက်ကို ရင်ဘတ်နားအထိရောက်အောင်ကွေးလိုက်၊ ပြန်ဆန့်လိုက်နဲ့ ဘယ်ညာတစ်လှည့်စီ ဆက်တိုက် လုပ်ပေးရပါမယ်။ အနည်းဆုံး တစ်ဖက်ကို 15 ကြိမ်စီ လုပ်ပေးရမှာ ဖြစ်ပါတယ်။

Flutter Kicks Exercise


လက်နှစ်ဖက်ကို တံတောင်နဲ့ထောက်ပြီး ပတ်လက်အနေအထားနဲ့နေပါ။ ပြီးတာနဲ့ ပုံမှာလုပ်ပြထားသလို ခြေထောက်နှစ်ဖက်ကို ဘယ်မြှောက် ညာချ၊ ညာမြှောက် ဘယ်ချနဲ့ ဆက်တိုက်လုပ်ပေးရမှာပါ။ ဆက်တိုက်မြန်မြန်လေးလုပ်ပေးပါ။ 1 မိနစ် (သို့) စက္ကန့် 30 လုပ်ပေးရမှာပါ။

Reverse Crunches Exercise


ပထမပုံထဲကလို အနေအထားနဲ့ အရင်ဆုံးနေပေးပါ။ ပြီးတာနဲ့ ဒုတိယပုံထဲကလို တင်ပါးနဲ့ခါးကိုကြွပြီး ခြေထောက်နှစ်ဖက်ကို အပေါ်မြှောက်ရမှာပါ။ ပြီးရင် အောက်အထိ ခြေထောက်ပြန်မချပဲ ပထမပုံထဲကလိုပဲ ပြန်နေပါ။ အဲ့အတိုင်း နှစ်မျိုးလုံးလုပ်ပြီးမှ 1 ကြိမ်လို့သတ်မှတ်ပြီး စုစုပေါင်း အကြိမ် 30 လုပ်ပေးရမှာ ဖြစ်ပါတယ်။


#ဗိုက်ခေါက်
#ခြေထောက်
#Exercise
#ဗိုက်အဆီ
#အနည်းဆုံး

Some text some message..