ဆံသားပျက်စီးမှုမရှိပဲနဲ့ ဆံပင်ဖြောင့်အောင်လုပ်နိုင်မယ့် သဘာဝနည်းလမ်း ၅ မျိုး
mystylemyanmar.com
|
2024-04-16

ဆံပင်ကိုကောက်လိုက်ဖြောင့်လိုက် လုပ်တာတွေက ဆံသားပျက်စီးစေတာကြောင့် ဆံသားပျက်စီးမှုမရှိပဲနဲ့ ဆံပင်ဖြောင့်အောင်လုပ်နိုင်မယ့် သဘာဝနည်းလမ်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ စက်နဲ့ဖြောင့်သလိုမျိုး ဖြောင့်ဆင်းသွားမှာမျိုး မဟုတ်ပေမယ့်လည်း သဘာဝအတိုင်းဖြောင့်သလိုမျိုး ဖြောင့်ဆင်းနေမှာပါ။

ရှားစောင်းလက်ပတ်ဂျယ်လ်၊ သံပယိုသီးနဲ့ ကြက်ဆူဆီ


ရှားစောင်းလက်ပတ်ဂျယ်လ်ကို သံပယိုရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ရောမွှေပြီး ဆံသားအနှံ့လိမ်းပေးပါ။ ကြာကြာလေးထားပြီးမှ ခေါင်းလျှော်လိုက်ပါ။ Frizzy hair ဖြစ်နေတာတွေပျောက်စေပြီး ဆံပင်ဖြောင့်စေပါတယ်။

ငှက်ပျောသီး၊ ပျားရည်၊ ဒိန်ချဉ်နဲ့ သံလွင်ဆီ


ငှက်ပျောသီးတစ်လုံးကိုချေပြီး ပျားရည် နည်းနည်းနဲ့ရောမွှေပါ။ ပြီးရင် ဒိန်ချဉ်တစ်ခွက်ထည့်ပြီး သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ကာ ထပ်မွှေပေးပါ။ ပြီးရင်တော့ ဆံသားအနှံ့လိမ်းထားပြီး ကြာကြာလေးထားပြီးမှ ခေါင်းလျှော်ပါ။ ဒီနည်းလမ်းကတော့ ဆံသားပျက်စီးတာတွေ သက်သာစေပြီး ဆံသားချောမွေ့ကာ ဆံပင်ဖြောင့်စေပါတယ်။

သံလွင်ဆီနဲ့ကြက်ဥ


သံလွင်ဆီနဲ့ကြက်ဥကို ရောခလောက်ပြီး ဆံသားအနှံ့လိမ်းပေးတာကလည်း ဆံသားချောမွေ့ပြီး ဆံသားအတွက်လိုအပ်တဲ့ အာဟာရဓာတ်ကို ရရှိစေပါတယ်။ ဦးရေပြားကျန်းမာစေပြီး ဆံသားချောမွေ့ကာ ဆံပင်လည်းဖြောင့်စေပါတယ်။

ငှက်ပျောသီးနဲ့ဒိန်ချဉ်


ငှက်ပျောသီးနဲ့ဒိန်ချဉ်ကိုလည်း အနေတော်လောက် ရောမွှေပြီး ဆံသားအနှံ့လိမ်းပေးပြီး နာရီဝက်လောက်ကြာမှ ခေါင်းလျှော်ပေးပါ။ ဆံသားတောက်ပြောင်ပြီး ဖြောင့်ဆင်းစေပါတယ်။ ဆံသားလည်း သန်စွမ်းစေပါတယ်။

Apple cider vinegar


Apple cider vinegar ကို ဆံသားအနှံ့လိမ်းပြီး နာရီဝက်၊ ၁ နာရီလောက်ထားလိုက်ပါ။ ပြီးမှခေါင်းလျှော်ပါ။ ဆံသားချောမွေ့ပြီး တောက်ပြောင်စေသလို ဆံပင်ဖြောင့်ဆင်းစေပါတယ်။ ဆံသားရှုပ်ထွေးပြီး ငြိတာတွေလည်း သက်သာစေပါတယ်။


#ပျားရည်
#ငှက်ပျောသီး
#သံလွင်ဆီ
#ဆံသား
#ကြက်ဥ

Some text some message..