
60s နဲ့ 70s က စတိုင်လ်တွေလိုမျိုး Doe Eyes Look က အခုနောက်ပိုင်း TikTok မှာ Trend ဖြစ်နေတာမလို့ Doe Eyes Look ပုံစံကို စမ်းကြည့်ချင်ပေမယ့် ဘယ်လိုစရမလဲဆိုတာ သေချာမသိသေးရင် အခုပြောပြတဲ့အဆင့်တွေအတိုင်း လိမ်းကြည့်ပါ။
1. Foundation လိမ်းပါ

တောက်ပတဲ့မျက်လုံးအကြည့်တွေနဲ့ လိုက်အောင် အရင်ဆုံး အသားအရေနဲ့တူတဲ့ Foundation လိမ်းပါ။
2.Bronzer လိမ်းပါ

3. Eyeliner ဆွဲပါ

Eyeliner ဆွဲတဲ့အခါ အနက်ရောင် Eyeliner အရည်ကို သုံးပြီး မျက်တောင်နဲ့အနီးဆုံးမှာ ကပ်ဆွဲပါ။ ဒါမှ မျက်တောင်တွေကို ထူတယ်လို့ထင်ရစေမှာပါ။
4. Waterline Eyeliner

ပြီးရင် မျက်အိမ်ကျယ်တယ်လို့ထင်ရအောင် မျက်လုံးအောက် Waterline ကို White or Nude-colored Pencil Eyeliner သုံးပြီး ခြယ်ပေးပါ။
5. Concealer လိမ်းပါ

မျက်ကွင်းညိုတာကို အုပ်ဖို့ Concealer ကို မဖြစ်မနေ လိမ်းပေးပါ။
6. Mascara ခြယ်ပါ

နောက်ဆုံးအဆင့်အနေနဲ့ အပေါ်မျက်တောင်နဲ့ အောက်မျက်တောင်ကို Mascara ခြယ်ပေးပါ။၊
7.နှုတ်ခမ်းနီဆိုးပါ

တောက်ပတဲ့ မျက်လုံးတွေကို ဖြည့်တင်းဖို့အတွက်နဲ့ Makeup Look ကို ပိုကြည့်ကောင်းစေဖို့ Lip Gloss နဲ့ အဆုံးသတ်လိုက်ပါ။